17

614 82 26
                                    

! UNICODE !

အပြင်၌ဖြာကျနေသော နေရောင်ခြည်ခပ်နွေးနွေးက ပြတင်းပေါက်မှတဆင့် Ricky Shen မျက်နှာပေါ်သို့တိုက်ရိုက် ရောက်လာသည်။

ရှုပ်ပွနေသောအခန်းတွင်းရှိ ကုတင်ပေါ်က လူသားနှစ်ယောက်မှာတော့ အဝတ်ဗလာဖြင့် စောင်တစ်ခုထဲ၌ လုံးထွေးလျှက်........

Ricky Shen မျက်မှောင်ကျုံ့လိုက်မိသည်။တိုက်ရိုက်သူ့မျက်နှာသို့ထိုးလာသောနေရောင်ခြည်က အိပ်ရာထဖို့အတွက် လှုံ့ဆော်နေသလိုပင်.....

သူ့ဘေးမှ နှစ်ခြိုက်စွာအိပ်ပျော်နေသော Ji Woong ကိုကြည့်ပြီး သူ့မျက်လုံးတွေက ထိုလူရဲ့ အဝတ်မပါသော ရင်အုပ်ကြွက်သားတွေနဲ့ ကျစ်လျစ်ကာ သန်မာသော ခါးကျင်ကျင်ကို မသိလိုက်မိစွာ အလိုလို ကြည့်မိသွားသည်။

အပြင်ပိုင်းကကြည့်လျှင်တော့ ရင်အုပ်နှင့်ယှဥ်ရင် သေးသွယ်သွားသော ခါးကြောင့် ထိုလူရဲ့'စိုက်အား' အား အနည်းငယ်ပင် အထင်သေးမိမည်ဖြစ်သော်လည်း မနေ့ညက အရက်လည်းမမူး၊ဆေးလဲမမိပါဘဲ အိပ်ရာပေါ်အဖိခံလိုက်ရတဲ့သူ့အဖို့ မည်မျှပင် ထိုကျစ်လျစ်လှသောခါးသွယ်သွယ်မှာ သန်မာပါကြောင်း သက်သေပြပြီးသားဖြစ်သွားတော့သည်။

Ricky Shen သည် Kim Ji Woong နှင့်ဒုတိယအကြိမ်မြောက် အိပ်မိခဲ့ပြီဖြစ်သည်။သို့သော် ဒီတစ်ခေါက်တွင် အရက်မမူးခဲ့ချေ။

ဂျီဝွန်းဘေးမှရှိနေသောကုတင်ဘေးက စားပွဲ‌ခုံပုကလေးပေါ်ရှိ သူ့ဖုန်းကို ယူရန် ဖွဖွလေး ခြုံစောင်ကိုကန်ထုတ်လိုက်သည်။ထို့နောက် Ji Woong ဘေးကတစ်ဖက်ခြမ်းကို လက်ထောက်လိုက်ပြီး ချော့မွေ့စွာပင်ဖုန်းကိုယူကြည့်လိုက်၏။

"F*CK!!!! ဖုန်းတွေဆက်ထားကြတာ အများကြီးပဲ!!"

အမှတ်တမဲ့ ရွေရွတ်လိုက်တာကြောင့် အသံကတော်တော်ကျယ်သွားသည်။ထိုစဥ် ရုတ်တရပ် Ricky ‌ထောက်ထားသောလက်တစ်ဖက်ကို Ji Woong က ဆွဲယူလိုက်တာကြောင့် ဘုတ်ခနဲ Ji Woong ကိုယ်ပေါ်သို့ မှောက်ယက်သား ချွမ်ရွေ့ ပြုတ်ကျလေတော့သည်။

ရလဒ်‌အနေဖြင့် ထပ်မံ အဖိခံလိုက်ရခြင်း....

"လွှတ်!!ဖယ်အုန်း....မင်းကိုလည်း သူတို့ဖုန်းတွေဆက်ထားကြမှာ!။ကြည့်ကြည့်လိုက်အုန်း"

Fallin'Harder Where stories live. Discover now