08

575 72 22
                                    

(I knew that I loved you long ago)

!UNICODE!

တစ်စုံတစ်ခု တူးကပ်နေသော ညှော်နံ့က တစ်အိမ်လုံးကို ပျံ့နှံ့ပြီးနောက် အပေါ်ထပ်ရှိ Rickyအခန်းထဲသို့လည်း ၎င်းညှော်နံ့များ ဝင်ရောက်လာခဲ့သည်။

မသိစိတ်၏လှုံ့ဆော်မှုကြောင့် Ricky ဆက်ခနဲနိုးသွားပြီးနောက် ခေါင်းထဲ၌လည်း ရုတ်တရပ် ဗလာကျင်းသွားရပါသည်။

ဒါကမီးဖိုးချောင်မှာ တစ်ခုခု တူးနေပြီး မီးစွဲနေတဲ့အနံ့မှန်း သိနေတာမို့ အိပ်ရာပေါ်က အမြန်ပြေးထပြီး သွားကြည့်တော့ ထင်တဲ့အတိုင်းပင်.....

အမျိုးအမည်မသိနိုင်တော့သော စားစရာမှာ တောက်လောင်နေသော မီးထဲ၌ မဲတူးနေသော ဒယ်‌အိုးနဲ့အတူ ကြည့်လို့ပင်မကောင်းတော့ချေ။

"မား?? ဘယ်သွားနေတာလဲ?"

မီးခိုးများကြားထဲ၌ Rickyချောင်းတဟွတ်ဟွတ်ဆိုးပြီး မီးဖိုမိန်းကိုအမြန်ပိတ်လိုက်ရသည်။ထိုအချိန်တွင် မီးဖိုချောင်တစ်ခုလုံး မီးခိုးများဖြင့် မွှန်ထူနေ၏။

ခဏအကြာ အိပ်မှုန်စုပ်ဖွားဖြင့် Ji Woong လဲအောက်ဆင်းလာပြီး မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူလည်းပဲ နေရာ၌ ငါးမိနစ်လောက်ငြိမ်သက်သွားရသည်။

Ji Woongက သူတောင်မသိလိုက်ခင်မှာပဲ ကြမ်းပြင်၌ ထိုင်ကာ ချောင်းဆိုးနေသော Rickyဆီရောက်သွားကာ အလျှင်မြန်ပင် ပွေ့ထူလိုက်ပါ၏....

"ဘာဖြစ်တာလဲ? ဘဲပေါက်...မင်းအဆင်ပြေရဲ့လား ဟင်??"

"ငါ...ငါ့အမေကို သွားရှာရမယ်...Ji Woong"

ထို့နောက်Rickyက သူ့လက်ထဲကနေ ရုန်းထွက်လိုက်ပြီး ချက်ချင်း အပေါ်ထပ်အခန်းထဲသို့အလျှင်စလိုဝင်သွားသည်။

မိနစ်အနည်းငယ်အတွင်း Rickyပြန်ထွက်လာပြီး သူ့လက်ထဲမှာတော့ ပိုက်ဆံအိတ်ရယ်ဖုန်းရယ်ပါလာ၏။

မီးခိုးတွေက ပြတင်းပေါက်မှတစ်ဆင့် လေထုထဲမှ ပျောက်ကွယ်သွားပြီဖြစ်သည်။သို့သော် မဲတူး‌ကာပုံပျက်နေပြီဖြစ်သော ဒယ်အိုးနှင့် ပွေပွနေသော မီးဖိုချောင်အလယ်မှာ Ji Woong ရပ်နေပြီး ယခုဘာတွေဖြစ်ပျက်နေသလဲဆိုတာ စဉ်းစားနေပုံရပါသည်။သူနိုးနိုးချင်း မြင်လိုက်တဲ့မြင်ကွင်းနဲ့ ဖြစ်ပျက်နေသော အခြေနေအလုံးစုံကို နားလည်နိုင်ဖို့ရန် မလွယ်ကူလှပါချေ။

Fallin'Harder On viuen les histories. Descobreix ara