19

279 34 11
                                    

! UNICODE!

ညဘက်ပါတီက ထင်ထားတာထက် လူပိုများနေသည်။ Hotelဝန်းအကျယ်ကြီးထဲ၌ ကျင်းပ‌နေပင်မဲ့ မြူးကြွတဲ့တီးလုံးသံနှင့်အတူ လူပေါင်းများစွာဟာ ရှုပ်ယှက်ခပ်ကာ ကခုန်ကြလျက်....

မီးရောင်စုံများအောက် တိုက်ခတ်လာသော ပင်လယ်လေအားရှူရှိုက်ရင်း ဝိုင်သောက်ရသည့်အရသာက ဘာနှင့်မျှမလဲနိုင်ချေ။ချွမ်ရွေ့အနည်းငယ်ရီဝေဝေဖြစ်နေတုန်း သူ့ခါးကိုရုတ်တရက်လာဖက်တွယ်သော လက်တစ်စုံကြောင့် လန့်ဖြန့်သွားမိသည်။နောက်လှည့်ကြည့်တော့မှ ထိုလူက Kim Ji Woong သာဖြစ်တာမို့ သူသက်ပြင်းသာချလိုက်တော့၏။

"ဘာဖြစ်လို့လဲ? ရုတ်တရပ်ကြီး မင်းကငါ့ကိုလန့်သေအောင်လုပ်နေတာပဲ!"

"ကြောက်လို့လေ"

အရက်မူးနေသော ကင်မ်ဂျီဝန်းမှာ ကလေးတစ်ယောက်လိုဆူပုတ်ပုတ်ဖြင့် သူ့ပုခုံးပေါ်ခေါင်းမှီလာပြန်သည်။ရစ်သိုင်းထားသော လက်များဟာလည်း ယခုဏထက် ပိုပြီးတင်းတင်းကျပ်ကျပ်.... ။ Ricky ကိုင်ထားသော ဝိုင်ခွက်ကလည်း အနည်းငယ်လှုပ်ခါသွားပြီး ဝိုင်များပင် အပြင်သို့ ဖိတ်စင်သွားတော့သည်။

"Yh! လူတွေအများကြီးနော်။မူးနေရင်လည်း အခန်းထဲပြန်အိပ်တော့!"

"ဘေဘီ လိုက်ခဲ့.....ကိုကိုတစ်‌ယောက်ထဲကြောက်လို့..."

Shen Quan Rui စိတ်ထဲမှာတော့ အကျယ်ကြီး ဟားတိုက်ကာ အော်ရယ်လိုက်မိသည်။ထို့နောက် မျက်လုံးအား90°သို့လှန်ကာ မူးနေသူ၏ ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်ပြီး...

"မင်းကိုဘယ်သူကကြောက်အောင်လုပ်တာလဲ ပြော!"

"ကိုယ် အရင်ကလို ဆေးခတ်ခံရရင်ဘယ်လိုလုပ်မလဲ? ကြောက်တယ်"

Ji Woong ကသူတို့နှင့်မလှမ်းမကမ်း၌ရပ်နေသော Lee Teak တို့မောင်နှမနှစ်ယောက်ကိုလက်ညှိုးထိုးပြပြီး သူ့ပုခုံးပေါ်သို့ ပိုမှီချလာတော့သည်။

"အခု ငါတစ်ယောက်လုံး မင်းဘေးနားမှာရှိနေတာလေ....ဘယ်သူကလာပြီး လုပ်ရဲမှာလဲ?"

"ရွေ့ရွေ့က ကိုကို့ကိုကာကွယ်ပေးမှာလား...."

ထိုစကားကြောင့် ချွမ်ရွေ့နှုတ်ခမ်းစွန်းလေးနှစ်ဖက် သဘောကျစွာကော့တက်သွားပြီးနောက် မီးရောင်စုံများအောက်၌ ချွမ်ရွေ့မျက်ဝန်းကလေးများဟာလည်း တလက်လက်တောက်ပနေခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Apr 09 ⏰

Add this story to your Library to get notified about new parts!

Fallin'Harder Where stories live. Discover now