15

547 59 22
                                    

!UNICODE!

"တစ်ဆိတ်? မင်းကဘယ်သူလဲ?မဟုတ်မှ...Yu Jinဖုန်းထဲက တစ်ယောက်လား??"

Rickyကြားဝင်ဖြတ်ပြောလိုက်တော့မှ ထိုသူက မိမိကိုကြည့်ပြီး ရှက်သလိုမျိုး ခေါင်းအားခပ်ဖွဖွကုပ်ကာ နူးနူးညံ့ညံ့ပြုံးနေပြန်သေးသည်။ဒီကောင်လေးမှာ Han Yu Jin ထက် အသက်ပိုကြီးလောက်မည် ဆိုပင်မဲ့ သူ့ထက်တော့ငယ်မည့်ပုံ....

"အာ..ဟုတ်ပါတယ်....ကျွန်တော့်နာမည်က Kim Gyuvinပါ။ခင်ဗျားက ဓာတ်ပုံထဲမှာထက်အပြင်မှာပိုချောနေတာပဲ Ricky!"

Rickyမျက်ဝန်းများက စူးရှ၏။အသိအမှတ်ပြုသလို ခေါင်းတစ်ချက်ငြှိမ့်ပြပြီးနောက် နှုတ်ခမ်းစွန်းတစ်ဖက်မှာမသိမသာ ကော့တက်သွားပြန်သည်။

"အခုရက်ပိုင်း Yu Jinကိုစောင့်ရှောက်ပေးထားတဲ့အတွက် မင်းကို ကိုယ်ကျေးဇူးတင်ရမယ်...အိမ်မှာလူကြီးတွေကလည်း သူ့ကိုစိတ်ပူနေကြတာဆိုတော့....."

"ကျွန်တော်နားလည်ပါတယ်...မဟုတ်ရင်တောင် ဒီပေါက်စကို ကျွန်တော်နားချနေပါသေးတယ်"

Ricky ကသာ နားလည်သလို ခေါင်းငြှိမ့်ပြနေသော်လည်း ကာယကံရှင်ဖြစ်သော ဟန်ယူဂျင်းမှာတော့ ခေါင်းကိုသာ ငုံ့လို့ထား၏။

"Hyung....ကျွန်တော့်ကို ခဏလောက်အချိန်ပေးအုန်း...ကျွန်တော်ယူစရာတွေရှိသေးလို့.."

တစ်ချိန်လုံးငြိမ်နေသည့် ယူဂျင်းထံမှ ၎င်းစကားမျိုးကြားလိုက်ရတဲ့အခါ... Ricky မျက်မှောင်ကျုံ့သွားမိသော်လည်း အထွေထူး လိုက်စဉ်းစားမနေတော့ပဲ ခေါင်းသာငြှိမ့်ပြလိုက်တော့သည်။

"Okလေ...ဒါဆို Hyung ပြန်တော့မယ်။..မြန်မြန်ပြန်လာခဲ့..လူကြီးတွေကိုစိတ်ပူရအောင်မလုပ်နဲ့"

"ဟုတ်!"

ထို့နောက် Ricky က ကားသော့ကိုလက်ညှိုးတစ်‌ချောင်းထဲဖြင့်လှည့်ကာအေးအေးလူလူထွက်သွားတော့သည်။

Shen Quan Rui ထွက်သွားမှသာ အသက်ပြင်းပြင်းရှူရဲသော Yu Jinမှာ တစ်လျှောက်လုံး အသက်အောင့်ထားမိတာကြောင့် အသက်ရှူမဝသလိုခံစားနေရပါသည်။ချက်ချင်း ညှိုးငယ်‌‌သွားသော မျက်နှာလေးမှာ မည်မျှစိတ်ကျဉ်းကျပ်နေမှန်း မသိနိုင်တော့ချေ....

Fallin'Harder Where stories live. Discover now