14

559 74 17
                                    

!UNICODE!

 လာမည်မဟုတ်သော ကားများကို ကားမှတ်တိုင်မှာစောင့်နေသော တုံးတုံးအအလူတစ်ယောက်အား တစ်ချိန်လုံးမိုးရေတွေကြား အနက်ရောင်ကားပေါ်မှ ငေးကြည့်နေသော အရူးတစ်ယောက်လည်းရှိနေပြန်သည်။

သူက Rickyဘေးကနေ ဘယ်တော့မှ မထွက်သွားနိုင်မှတော့...ထိုလူသား သူ့ဆီသို့ ပြန်လာမည့်အချိန်ကိုသာ စောင့်‌နေရန်ရှိတော့သည်။

အကယ်၍သာ ရစ်ခီရှန် သူ့ဆီသို့ပြန်လာခဲ့မယ်ဆိုလျှင် ယခုလိုမျိုး...သို့မဟုတ်...လွန်ခဲ့သော ငါးနှစ်ကလိုမျိုး သူစောင့်နေအုန်းမှာပဲ...။

Ricky Shenကသာ ခပ်တုံးတုံးလူတစ်ယောက်ဆိုလျှင် Ji Woongက ကမ္ဘာပေါ်တွင် အရူးနှမ်းဆုံးလူတစ်ယောက်သာဖြစ်လိမ့်မည်။ကတိလေးတစ်ခု၊နှုတ်ဆက်စကားလေးတစ်ခွန်းတောင်မချန်ခဲ့တဲ့လူတစ်ယောက်ကို သူဟာ စောင့်နေနိုင်ခဲ့သည်။အချိန်တွေမည်မျှကြာသည်ကိုသူမသိ...တစ်နှစ်လား..သူစောင့်ခဲ့သည်။နှစ်နှစ်၊သုံးနှစ်..သူစောင့်ခဲ့ပြန်သည်။

ငါးနှစ်တိတိတိုင်အောင်....သူစောင့်နေခဲ့တာဖြစ်သည်။

တစ်ကယ်ပဲ....အဲ့ဒီ့အရူးလေးကို သူစောင့်နေခဲ့တာ...

တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ ထွက်သွားနိုင်ခဲ့တဲ့လူတစ်ယောက်၊အေးစက်စက်နှလုံးသားတစ်စုံဖြင့် မွေးဖွားလာခဲ့သောလူတစ်ယောက်...

ပြန်မရနိုင်တော့မည့် ရီခီရှန်ရဲ့ နူးညံ့မှုတွေ...နွေးနွေးထွေးထွေးပြုံးပြခဲ့သော အပြုံးများ၊နှစ်ယောက်အတူရှိခဲ့ဖူးကြပါသောအခိုက်အတန့်တွေအား ငေးရင်း၊မောရင်း၊နာကျည်းရင်းဖြင့်သာ Kim Ji Woongဖြတ်သန်းခဲ့တာဖြစ်သည်။။

"မင်းမြင်ရဲ့လား?...ငါ့အိမ်ကဘာများကြည့်ကောင်းစရာတွေ ထပ်ရှိသေးလို့လဲ...အရာအားလုံးကပြောင်းလဲကုန်ပြီ Shen Quan Rui...."

ပထမဦးဆုံး အိမ်ထဲဝင်ဝင်ခြင်း Ji Woongပြောလိုက်တဲ့စကားက သူ့နှလုံးသားနဲ့တော့ တိုက်ရိုက်မကျနေပါ...

"ငါ...မင်းကို တောင်းပန်ချင်လို့ပါ...သိပ် ကို နောက်ကျသွားပြီမှန်းသိပင်မဲ့...ငါတောင်းပန်ပါတယ် Ji Woongရယ်..မင်းကတော့ ငါ့ကိုတခြားလူတွေလိုမျိုး အထင်မလွဲလိုက်ပါနဲ့"

Fallin'Harder Where stories live. Discover now