18

321 48 22
                                    

Unicode

စားပွဲပေါ်မှ ကြွေပန်းကန်များ ကြမ်းပြင်နှင့်ထိခတ်ကာကျကွဲသံများကြောင့် စားသောက်ဆိုင်ထဲမှာရှိတဲ့ လူအားလုံး လှည့်ကြည့်ကုန်ကြသည်။

ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အခြေနေကြောင့် Ji Woong တို့လည်း Ricky ဆီချက်ချင်းပြေးလာကြပါ၏။

"ဘာဖြစ်တာလဲ?...ရွေ့ရွေ့မင်းအဆင်ပြေရဲ့လား?"

Lee Teak ရှေ့မှာတင် ပခုံးအားဆုပ်ကိုင်ထားသော ချွမ်ရွေ့ကြောင့် ဂျီဝန်းတော်တော်စိတ်ပူသွားမိသည်။ဖန်ကွဲစတွေကလည်း ဘေးမှာ ပွဇာကျဲနေတာမို့ အခြေနေဟာ တော်တော်တင်းမာနေသည့်အနေထား...

"Ooh...sorryပါကွာ...ငါက မတော်တဆ Shen Quan Rui ကိုဝင်တိုက်မိလိုက်ရုံပါ....ဘာမှမဖြစ်ဘူး ဟုတ်တယ်မှတ်လား???"

ချွမ်ရွေ့ငယ်ငယ်ကတည်းက ဆိတ်ဆိတ်နေတတ်တဲ့လူမို့ သူ့ကိုဘယ်သူက ဘယ်လိုပဲအနိုင်ကျင့်ကျင့် သည်းခံလိုက်တယ်။အနိုင်ကျင့်ခံရတဲ့လူက ကိုယ်မဟုတ်သလိုပဲ....မသိချင်ယောင်‌သာဆောင်နေလိုက်တယ်။ငယ်ငယ်ကတည်းက အဖေက စွန့်ပစ်ထား၍ မိဘမဲ့လူတစ်ယောက်အဖြစ် အတန်းဖော်တွေကြားမှာလည်း နာမည်ကြီးတယ်လေ။ပုံစကလည်း ကပြားတစ်ယောက်မို့ ရှန်ချွမ်ရွေ့က ပိုပြီးတော့တောင်အနိုင်ကျင့်ချင်စရာလေး.....။ ဤသို့ အနိုင်ကျင့်ဖို့လွယ်ကူတဲ့သူမို့ အမြဲတမ်း ဒုက္ခပေးချင်တဲ့လူတွေက အများသား....အဲ့ထဲမှ Lee Teak ကတော့ရှေ့ဆုံးကပေါ့။တစ်ကယ်တော့ Lee Teak နဲ့သူက အလယ်တန်းထိ တစ်မြို့နယ်တည်း၊တစ်ကျောင်းထဲ၊တစ်ခန်းထဲမှာ အတူတူစာသင်ခဲ့ဖူးတယ်.....

အဲ့တုန်းကလည်းအလိုလိုနေရင်း တစ်ခုပြီးတစ်ခုပြဿနာလာရှာနေကျလူကို ချွမ်ရွေ့က ဆရာမနဲ့တိုင်ဖို့တောင်မစဉ်းစားခဲ့ပါဘူး။အဲ့တာက တစ်ကယ်တော့ သူ့အမေက ကျောင်းမှာရန်မဖြစ်ရဘူးလို့မှာထားခဲ့လို့လေ.....

အကယ်၍သူမိဘခေါ်ခံရရင် သူ့အမေကိုနှောင့်ယှက်သလိုဖြစ်သွားမှာပေါ့....။ဖခင်ကိုခေါ်ဖို့ကလည်း သူ့အဖေကိုယ်တိုင်က စွန့်ပစ်ထားတာမို့ အလုပ်မအားတဲ့အမေကပဲ သူ့ပြဿနာကိုဖြေရှင်းဖို့ မအားမလပ် ပြေးလာရလိမ့်မယ်....။အဲ့တာကသူမအတွက် သိပ်ကို ဒုက္ခဖြစ်စေပါတယ်။ဒါကြောင့် သူအားလုံးကိုသည်းခံနိုင်ခဲ့တာဖြစ်တယ်။နောက်တော့ အလယ်တန်းတက်နေရင်းမှပင် Lee Teak ကိုယ်တိုင်ကျောင်းပြောင်းသွားတော့ သူတော်တော်လေးပျော်ခဲ့ရတယ်....။နောက်ဆုံးတော့သူကောင်းကောင်းမွန်မွန်ကျောင်းတက်နိုင်ခဲ့ပြီမဟုတ်လား?

Fallin'Harder Where stories live. Discover now