16

587 83 30
                                    

!UNICODE!

Ricky Shenသည်ပြောထားသည့်အတိုင်းပင် ကတိတည်ခဲ့၏။သို့သော်....မိမိကိုယ်ကိုယ်ကိုသာအပြစ်တွေတင်ရင်း ကျွတ်တသပ်သပ်ဖြစ်နေသူမှာတော့  Kim Ji Woong ကိုယ်တိုင်ပင်.....

တစ်ဖက်လူဟာ....သွေးအေးအကောင်ငယ်လေးတစ်ကောင်ကဲ့သို့ ခံစားချက်တွေကို လွန်စွာမှထိန်းချုပ်နိုင်ပြီး အေးစက်စက်နိုင်လှ၏။

မတွေ့ချင်ဘူးဟုပြောပြီး ချွမ်ရွေ့များmessageပို့လေမလားဟုဆိုကာ ဖုန်းစခရင်ကိုအဆက်မပြတ် Ji Woong ကြည့်နေခဲ့မိသည်။သို့သော်....တစ်ဖက်လူဟာ သူ့ထက်အဆပေါင်းများစွာ နေနိုင်ခဲ့ပုံပင်....

"တစ်ကယ်ကြီး....စာလေးတစ်ကြောင်းတောင် မပို့ဘူး!"

Shen Quan Rui သူ့ရှေ့ပေါ်မလာခဲ့သော်လည်း...ဒီနိုင်ငံကို ထိုသူပြန်ရောက်ချိန်မှစ၍ သတင်းသမားအချို့က အဆက်မပြတ် Rickyအကြောင်းကို သတင်းယူနေကြသည်။ထို့ကြောင့် Ricky က အမြဲ တမ်းလိုလိုပင် တီဗွီမှာ ပါနေလေ့ရှိသည်။ယခင် အနုပညာလောကမှ တက်သစ်စလူငယ်မော်ဒယ်တစ်ယောက်က စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့သားတစ်ယောက်ဖြစ်နေပြီးနောက် အစအနပျောက်သွားခဲ့ကာ...ယခုမှ စီးပွားရေးလောကထဲပြန်ဝင်ရောက်လာပြီး လူလုံးပြလာသည်။

သူ့မှာအစကတည်းက Fan များစွာရှိပြီး... Ricky Shenအကြောင်း ဖတ်ရတာကိုလည်း လူတော်တော်များများက စိတ်ဝင်စားကြသည်။ဒါကြောင့် အမြဲတမ်း hot searchနေရာသို့ ဝင်နေပြီး သတင်းသမားတွေကလည်းဒါကိုအခွင့်ကောင်းယူကာ အပြိုင်သတင်းယူချင်ကြသည်။

သူမသိတော့တဲ့တခြားသတင်းတွေတင်ဆက်လာသောအခါ စိတ်ဝင်စားမှုနတ္ထိဖြင့် Ji Woong တီဗွီအားပိတ်လိုက်ပြီး ဆိုဖာဘေးက ဖုန်းကိုသာဆွဲယူလိုက်တော့သည်။

ပျင်းရိလေးတွဲ့စွာ ဖုန်းမျက်နှာပြင်အားကြည့်နေပြီးနောက် သတင်းခေါင်းစဉ်တစ်ခုဟာ သူ့အာရုံကိုဖမ်းစားနိုင်သွားခဲ့ပါ၏။ထိုသတင်းမှာ သေချာပေါက် ချွမ်ရွေ့၏သတင်းပင်...

အကြောင်းရာမှာ ဟိုနေ့က Mallတစ်ခုထဲက Jewelry ဆိုင်ထဲမှာ Shen Quan Ruiက စုံတွဲလက်စွပ်တစ်ကွင်းဝယ်သွားခဲ့ကြောင်းဖြစ်ပြီး....ဆိုင်အပြင်ဘက်မှ လှမ်းရိုက်ထားသော Ricky နောက်ကျောပုံဖြင့် မီဒီယာကဖော်ပြထားသည်။

Fallin'Harder Where stories live. Discover now