1

1.9K 109 7
                                    

[UNICODE]

(1938) ဒီပစ္စည်းကို စနစ်ဈေးမှာ ပြန်ရောင်းလို့ရလား?

‌နဉ်ရှု ဈေးဆစ်နေသော်လည်း သူမ ဒီပစ္စည်းကို လိုအပ်သည်။

သူမ စိတ်ငြိမ်ဆေးပြားကို လက်ဖြင့်ယူလိုက်သည်နှင့် ချက်ချင်းပင် သူမ၏ စိတ်၀ိညာဥ်ထဲသို့ အေးမြသောခံစားမှုတစ်ခု စီးဆင်းသွားကာ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

ကုသိုလ်အမှတ် ၅၀ သုံးစွဲရန် ထိုက်တန်ပြီး တည်ငြိမ်ရောင်ဝါထက်လည်း ပိုအသုံးဝင်၏။

နဉ်ရှု စနစ်နေရာသို့ ပြန်လာခဲ့သည်။ သို့သော် ယခု သူမတွင် စိတ်ငြိမ်ဆေးပြားရှိသောကြောင့် တည်ငြိမ်ရောင်ဝါသည် အသုံးမ၀င်တော့ပဲ ဖြုန်းတီးမှုတစ်ခု ဖြစ်နေ၏။

2333 :
“ဒီပစ္စည်းတွေကို စနစ်ဈေးမှာ ပြန်ရောင်းလို့ရတယ်”

နဉ်ရှု မျက်ခုံးပင့်ကာ ;2333 က တကယ်ကို ငဲ့ညှာတတ်တာပဲ၊ သူမ ကျက်သီးထပြီး ကျောချမ်းတဲ့အထိကို ငဲ့ညှာနေတာက ကြောက်ဖို့ကောင်းလွန်းတယ်။ မေးသမျှလည်းအကုန်ပြန်ဖြေနေသေးတယ်။ ဒါ 2333မဟုတ်ဘူး။

အကြောင်းပြချက်မရှိပဲ စိတ်အားထက်သန်စွာ အာရုံစိုက်နေသူများသည် သစ္စာဖောက် သို့မဟုတ် သူခိုးများဖြစ်ကြသည်။

နဉ်ရှု တည်ငြိမ်ရောင်ဝါအားရောင်းချရန် စနစ်ဈေးကို နှိပ်လိုက်သည်။ ဟုတ်ပါ၏ ပြန်လည်ရောင်းချသောဈေးမှာ မမြင့်၊ ဈေးနှိမ်လွန်းသည်။

“အလုပ်စရအောင်၊ အလုပ်အပ်နှံသူကို သွားကြည့်ကြတာပေါ့” နဉ်ရှု က 2333 ကိုပြောလိုက်တယ်။

“ကောင်းပြီ” 2333 က “ဒီတစ်ခေါက်တော့ စနစ်တာ၀န်တစ်ခု လုပ်ကြရအောင်”

သူ့ကြည့်ရတာ သူမကို ဒီအတွက်စောင့်နေပုံပဲ။ နဉ်ရှု ခေါင်းညိတ်၍ “ဒါဆိုလည်း စနစ်တာ၀န်လုပ်ကြတာပေါ့”

ဟင်းလင်းပြင်တွင် အမျိုးသမီးတစ်ဦး တဖြေးဖြေးပေါ်လာသည်။ ထိုအမျိုးသမီးသည် ဖီးနစ်ပုံ ချည်ထိုးထားသည့် ခမ်းနားထည်ဝါသော နန်းတွင်း၀တ်စုံကို၀တ်ဆင်ထားသည်။ ဖီးနစ်သည် အသက်၀င်လွန်းပြီး ရွှေချည်မျှင်များသည်လည်း အ၀တ်နဲ့အတူ ယိမ်းနွဲ့ကာ သူမလှုပ်ရှားလိုက်တိုင်း ဖီးနစ်သည် တဟုန်ထိုးပျံသန်းတော့မလိုပင်။

Concubine System(Realm-31)Where stories live. Discover now