2

764 101 3
                                    

[UNICODE]

(1939) ရှန်ဖေး

နောက်ပိုင်းတွင် ကျောက်ရွှိသည် ဧကရာဇ်ဖြစ်လာပြီး ဖုဝမ်ဟွေ့သည် သဘာဝအလျောက် နိုင်ငံတော်၏မိခင်ဖြစ်လာခဲ့သည်။

ဤသို့ဖြင့် ဖု၀မ်ဟွေ့၏ ဘ၀သည် တာဝန်ဝတ္တရားများနှင့် ကုန်ဆုံးလာခဲ့သည်။ ဧကရာဇ်မင်းမြတ်အတွက် မောင်းမဆောင်ကို ကောင်းစွာစီမံခန့်ခွဲရန်၊ မနာလိုစိတ်မရှိရန်၊ မျက်နှာသာရဖို့အတွက်မယှဉ်ပြိုင်ရန်နှင့် အမွေဆက်ခံသူကို မွေးဖွားရန်ဖြစ်သည်။ လုပ်စရာမရှိသည့်အချိန်များတွင် ကိုယ်လုပ်တော်များ၏ အပြုအမူများကို သင်ကြားပေးရသေးသည်။

သို့သော် ပြောင်းလဲမှုတစ်ခု ရှိလာခဲ့သည်။ ထိုပြောင်းလဲမှုမှာ ရှန်ဖေးပင်ဖြစ်သည်။ ရှန်ဖေးသည် အစပိုင်းတွင် 'ရှန်ဖေး'ဟူသော ဘွဲ့ပင်မရှိသေးသည့် အအေးနန်းဆောင်မှ ကိုယ်လုပ်တော်တစ်ဦးမျှသာဖြစ်သည်။

သူမသည် ‌ဧကရာဇ်မျက်နှာကို တစ်ခါမှ မမြင်ဖူးသော ကိုယ်လုပ်တော်တစ်ဦးဖြစ်သည့်အပြင် နန်းတော်ထဲ၀င်ရန် ရွေးချယ်ခံရပြီး အနိမ့်ဆုံးအဆင့်ဟုသတ်မှတ်ထားသော အဆင့်၉သာရှိသည့် ချိုင်နွီတစ်ဦးသာဖြစ်သည်။

သူမသည် 'ကျွမ်းဖေး'ကို ပေါ့တိပေါ့ဆဖြင့် အပြစ်ပြုမိခဲ့သောကြောင့် ကျွမ်းဖေးက သူမအား အအေးနန်းဆောင်တွင်နေရန် တိုက်ရိုက်အမိန့်ပေး စေလွှတ်ခဲ့သည်။

ထို့နောက် ခေတ်သစ်မှ ရုံး၀န်ထမ်းတစ်ဦးဖြစ်သူ ကျိုးနဉ်နဉ်သည် ဤကိုယ်လုပ်တော်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားခဲ့ပြီး သူမ နိုးလာသောအခါတွင် နှစ်သက်ဖွယ်ကိုယ်လုပ်တော်စနစ်နှင့် ချည်နှောင်မိခဲ့သည်။

ဤနှစ်သက်ဖွယ်ကိုယ်လုပ်တော်စနစ်၏ ရည်ရွယ်ချက်မှာ ဧကရာဇ်မင်းမြတ်၏ မျက်နှာသာပေးမှုရရှိရန်ဖြစ်သည်။

စနစ်က ဧကရာဇ်မင်းနှင့်တွေ့ဆုံခွင့်ရခြင်းဟူသော တာဝန်တစ်ခုပေး၍ ထိုတာဝန်အား ပြီးမြောက်အောင်မြင်ပါက ဆုလာဘ်ရရှိမည်ဖြစ်သည်။ ဥပမာအားဖြင့်ဆိုရလျှင် "သွယ်လျလှပသော ခါးသေးသေးလေး"ရရှိမည်ဖြစ်သည်။

Concubine System(Realm-31)Opowieści tętniące życiem. Odkryj je teraz