19

283 58 3
                                    

[UNICODE]

(1956) ဧကရီကိုသစ္စာဖောက်လိုက်ရမလား

သို့သော် ဧကရီသည် သူမ(ကျွမ်း‌ဖေး)၏ အကျိုးအမြတ်ကိုစတေးခဲ့သည်။ ဥပမာ-နေမကောင်းဟန်ဆောင်သည့်ကိစ္စ။ သူမသည် ဧကရာဇ်မင်းမြတ်ကို ခစားသူဖြစ်သင့်သော်လည်း အခြားသူများကိုသာ ထိုအခွင့်အရေးကို ပေးခဲ့သည်။

"အရင်ပြန်နှင့်တော့…ဒီကြင်ယာတော်သေသေချာချာစဉ်းစားပေးမယ်" ကျွမ်းဖေးက သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။

ကျိုးနဉ်နဉ်က ဂါဝရပြုရင်း "မယ်မယ်…ဧကရာဇ်မင်းမြတ် ကျွန်မတို့ ယင်းယွဲ့နန်းဆောင်ကိုမရောက်တာကြာပါပြီ…ကျွန်မတို့က တစ်လှေတည်းစီးနေကြတဲ့သူတွေပါပဲ…ဒီယင်းယွဲ့နန်းဆောင်ကြီးက လှောင်ရယ်စရာနေရာတစ်ခုဖြစ်လာမှာကို စိုးရွံ့မိပါတယ်"

"မယ်မယ်…ဧကရီရဲ့အနားမှာခစားနေတဲ့ မိန်းကလေးချိုးလင် ပြန်လှည့်လာပြီး ကျွမ်းဖေးမယ်မယ်ကို တစ်ခုခုပေးစရာရှိလို့ဆိုပြီးပြောပါတယ်" ကျွမ်းဖေး၏ အစေခံမလေးက ပြောလိုက်၏။

"မြန်မြန် ဝင်ခိုင်းလိုက်ပါ" ကျွမ်းဖေးအနည်းငယ်ထိတ်လန့်သွားပြီး သူမခေါင်းကိုလှည့်ကာ ကျိုးနဉ်နဉ်အား "မင်းရဲ့ ယွိချုန်ဥယျာဉ်ကိုပြန်တော့" ဟုပြောလိုက်လေသည်။

ကျိုးနဉ်နဉ်၏မျက်နှာမှာ မဲမှောင်သွား‌တော့သည် ; သူမရဲ့ ကတိက ဧကရီရဲ့စကားလုံးတွေလောက်တောင် မကောင်းဘူးလား

ထွက်သွားရုံမှတပါးရွေးချယ်စရာမရှိပေ။ ကျောက်ရွှိနှင့်တွေ့ဆုံရန်အတွက် နည်းလမ်းရှာရမည်ဖြစ်ပြီးသူ့ထံမှမျက်နှာသာရရှိသရွေ့ သူမ၏ယခုလက်ရှိအခြေအနေမှလွတ်မြောက်ကာ စနစ်၏ပြစ်ဒဏ်ကိုရှောင်ရှားနိုင်မည်ဖြစ်သည်။

"ချိုးလင်…ဧကရီ တစ်ခုခုလိုအပ်လို့များလား" ကျွမ်းဖေးက သဘာ၀မကျသောအပြုံးဖြင့် ချိုးလင်ကိုစကားဆိုလိုက်လေသည်။

ချိုးလင်က အမြီးနှစ်ချောင်းရှိသော ရွှေဖီးနစ်ဆံထိုးကို ထုတ်ယူလိုက်သည်။ ဖီးနစ်၏မျက်လုံးများကိုအဖိုးတန်ကျောက်မျက်များဖြင့် ပြုလုပ်ထားပြီး ရွှေရောင်ဖြင့် လှပစွာတွဲဖက်ထားသောကြောင့် အထူးပင် လှပနေလေ၏။

Concubine System(Realm-31)Where stories live. Discover now