6

548 97 2
                                    

[UNICODE]

(1943) ရှုံးနိမ့်မှုအတွက် ဘာလို့ ရုတ်တရက်ကြီး အပြစ်ဒဏ်ချမှတ်ရတာလဲ?

ဤသည်မှာ အပြစ်ဒဏ်ရှိကြောင်းကို ကျိုးနဉ်နဉ် ပထမဆုံးအကြိမ်ကြားသိရခြင်းဖြစ်သည်။ သူမ အနည်းငယ် စိုးရိမ်သွားပြီး မျက်မှောင်ကြုပ်ကာ စိတ်ထဲ၌ ; ရှုံးနိမ့်မှုအတွက် ဘာလို့ ရုတ်တရက်ကြီး အပြစ်ဒဏ်ချမှတ်ရတာလဲ? ကြည့်ရတာ အနာဂတ်မှာ သူမ မစ်ရှင်ပြီးမြောက်ဖို့ ပိုပြီးအလုပ်ကြိုးစားရတော့မယ်နဲ့တူတယ်။

ကျိုးနဉ်နဉ် စိတ်ထဲ၌ ကိုယ်လုပ်တော်စနစ်ကို မေးလိုက်သည်။

"ဘယ်လို ပြစ်ဒဏ်မျိုးလဲ?"

"အချိန်ကျရင် မင်းသိလာလိမ့်မယ်" ကိုယ်လုပ်တော်စနစ်က ထိုကဲ့သို့ပြောပြီးနောက် တိတ်ဆိတ်သွားလေသည်။

"ပြီးပါပြီ ချိုင်နွီ"

ချိုးလင် သည် ကြေးဝါမှန်မှတဆင့် မျက်မှောင်ကြုပ်နေသော ကျိုးနဉ်နဉ်ကို ကြည့်လိုက်သည်။ သူမ၏ အသားအရေမှာ အပြစ်အနာဆာမရှိ အလွန်ကောင်းမွန်၏။ သူမ၏ မျက်နှာအသားအရည်မှာလည်း ချောမွတ်နေသောကြောင့် မိတ်ကပ်လိမ်းစရာမလို သဘာ၀အတိုင်းပန်းနုရောင်သန်းနေသည်။ မျက်ခုံးမှာလည်းဆွဲစရာမလို ထူထူထဲထဲနှင့် နှုတ်ခမ်းမှာလည်း ဆေးခြယ်စရာမလိုပဲ နီမြန်းနေပြီဖြစ်သည်။

မိတ်ကပ်လိမ်းစရာမလိုပါပဲ သူမ၏ အသားအရည်မှာ မနက်ခင်း၏ တောက်ပမှုကို ရောင်ပြန်ဟပ်နေသော နှင်းပွင့်လေးများနှင့်တူနေ၏။

ချိုးလင် သူမစိတ်ထဲ၌ ဆိုးရွားသော ခံစားချက်တစ်ခုခံစားမိခဲ့သည်။ အနောက်နန်းဆောင်၏ အခြေအ‌နေပြောင်းလဲသွားမည်ကို သူမ ကြောက်မိသည်။

"ကျေးဇူးတင်ပါတယ် ချိုးနွီကွမ်း" ကျိုးနဉ်နဉ်သည် ကျောက်စိမ်းကဲ့သို့ သွယ်လျလှပသော လက်ချောင်းများကို ဆန့်ထုတ်ကာ ခေါင်းပေါ်ရှိ ဆံထုံးကို ထိ၍ ပြောလိုက်လေသည်။

ချိုးလင် ဂါ၀ရပြုပြီးနောက် အခန်းထဲမှထွက်ကာ နဉ်ရှုနှင့်စကားပြောရန် ပြန်သွားခဲ့သည်။

"ဧကရီ...ဧကရာဇ်နဲ့ ကျိုးချိုင်နွီ တို့ မကြာခင် အတူတူကြွလာပါလိမ့်မယ်" ချိုးလင် က နဉ်ရှု ကို ဂါဝရပြုကာ ပြောလိုက်သည်။

Concubine System(Realm-31)Where stories live. Discover now