10

505 87 11
                                    

[UNICODE]

(1947) ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် နတ်သမီးကဲ့သို့ပင်

ကျောက်ရွှိ ထွက်သွားပြီးနောက် နဉ်ရှု ကုတင်ပေါ်တွင်အနာယူလိုက်သည်။ အခန်းထဲသို့မည်သူတစ်ဦးတစ်ယောက်ကိုမျှ ၀င်ခွင့်မပြုရန်အမိန့်ပေးပြီးနောက် ကုတင်ပေါ်တွင် တင်ပျဉ်ခွေကာတရားထိုင်လိုက်၏။ မည်သို့ပင်ဖြစ်စေ သူမကိုယ်သူမ ကာကွန်ရန်လိုအပ်သည်။

ရှေးခေတ်တွင်ဝိညာဉ်စွမ်းအင် အများအပြားရှိသောကြောင့် ခဏတာတရားထိုင်ပြီးနောက် သူမ၏ သန်းထျန် ထဲတွင် စွမ်းအင်များပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်ကို တ‌ဖြည်းဖြည်းနှင့် သန်မာလာစေခဲ့သည်။

ကျောက်ရွှိ သည် ကျိုးနဉ်နဉ် ၏ ခန္ဓာကိုယ်ကိုအလွန်ကျေနပ်နေ၏။ သို့သော် သူမ တစ်ဦးတည်းကိုသာမျက်နှာပေးရန်မှာ ခဲယဉ်းလွန်းလှသည်။ ကျိုးနဉ်နဉ် ကို မတင်းတိမ်နိုင်သော်လည်း ကျွမ်းဖေး နှင့်တွေ့ဆုံရန် ယင်းယွဲ့နန်းဆောင်သွားခဲ့သည်။

သို့သော် ယွိချုန်ဥယျာဉ် ကိုဖြတ်သွားသည့်အခိုက်တွင် ဝရံတာ၏လက်ရန်းပေါ်တွင်ထိုင်နေသော ကျိုးနဉ်နဉ်ကို သတိပြုမိသွားသည်။

ကျိုးနဉ်နဉ်သည် ဆံပင်တဝက်ကိုရိုးရိုးရှင်းရှင်းထုံးထားပြီး ကျန်တဝက်ကို ဖြန့်ချထား၏။ ရိုးရှင်းသော အဝတ်အစားကိုဆင်မြန်းထားပြီး လက်ထဲတွင် ယက်တောင်အဝိုင်းလေးကိုကိုင်ကာ ပျင်းရိသောပုံစံဖြင့်ယက်ခတ်ရင်း ကောင်းကင်ကိုမော့ကြည့်ရန် ခေါင်းကိုပင့်လိုက်သည်။

သူမသည် သစ်ခွပန်းကဲ့သို့ လှပပြီး ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာခဲ့သည့် နတ်သမီးကဲ့သို့ပင်။

ကျောက်ရွှိ မျက်လုံးများကျဉ်းမြောင်းသွားပြီး လီကုန်းကုန်း အား လက်ဝှေ့ယမ်းပြလိုက်သည်။ လီကုန်းကုန်း ချက်ချင်းသဘောပေါက်သွားပြီး ဧကရာဇ်ကြွလာတော့မည်မဟုတ်ကြောင်း ကျွမ်းဖေး အားမပြောမီ ကျိုးနဉ်နဉ်အား တချက်ကြည့်လိုက်သည်။

ကျောက်ရွှိ သည် ကျိုးနဉ်နဉ် ဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားကာ လက်ဖြင့် သူမဆံပင်အနည်းငယ်ကိုဆွဲယူ၍ သူ့နှာခေါင်းနားတေ့လိုက်သည်။

Concubine System(Realm-31)Where stories live. Discover now