20

255 48 0
                                    

[UNICODE]

(1957)ရန်သူများဝိုင်းရံနေခြင်း

ကျိူးနဉ်နဉ်သည် ကျွမ်းဖေးနှင့်ပူးပေါင်းရန်စီစဉ်ခဲ့သော်လည်း ကျွမ်းဖေးထံမှ အကြောင်းပြန်ခြင်းမရှိ၊ ရက်အတော်ကြာသည်အထိစောင့်ဆိုင်းပြီးနောက် ကျွမ်းဖေးသည် သူမနှင့်ပူးပေါင်းရန် စွန့်လွှတ်ကြောင်း သူမ သိလိုက်ရလေသည်။

လမ်းတစ်ဖက်ကိုပိတ်လိုက်သဖြင့် ကျိုးနဉ်နဉ်သည် အခြားလမ်းကိုရှာရန် စဉ်းစားရပြန်သည်။ ယွိချုန်ဥယျာဉ်ငယ်လေးအတွင်းတွင်သာ ပိတ်မိနေသည့်အတွက် သူမ အလွန်အမင်း မကျေမနပ်ဖြစ်ခဲ့ရသည်။

ပိုအရေးကြီးသည်မှာ သူမ စနစ်၏ပြစ်ဒဏ်ကိုခံနိုင်ရည်မရှိခြင်းပင်။

သူမ၏ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်ခုမျှမရှိသော်လည်း သူမ၏ အသားကိုထိုးသွင်း၍ အရိုးအထိထိုးဖောက်ဝင်ရောက်သော နာကျင်မှုကို ရှင်းရှင်းလင်းလင်းခံစားခဲ့ရသည်။

သူမ အခုဘာလုပ်သင့်လဲ!

ကျိုးနဉ်နဉ်သည် သူမအား စူးစူးစိုက်စိုက်ကြည့်နေသော လီမောမောကိုတစ်ချက်ကြည့်ကာ သူမ အနားတွင်ရန်သူများဝန်းရံလျက်ရှိပြီး သူမ၏လှုပ်ရှားမှုများမှာအဟန့်အတားဖြစ်နေကြောင်း သိလိုက်ရသည်။ လီမောမောသည် နန်းတော်တွင်နှစ်အတော်ကြာနေထိုင်ခဲ့သူဖြစ်သည့်အတွက် အသုံးဝင်သောအဆက်အသွယ်များစွာ ရှိနိုင်လောက်သည်။

သည်းခံလိုက်ပါ သူမ ဒါကိုခံနိုင်ရည်ရှိရမယ်…ဟန်ရှင့် (ဟန်အင်ပါယာ၏ စစ်သူကြီး)တောင်မှ ရန်သူရဲ့ခြေထောက်ကြားမှာတွားသွားပြီး အရှက်တရားကိုကြံ့ကြံ့ခံနိုင်ခဲ့သေးတာပဲ…သူမ က လီမောမောရှေ့မှာပဲ အားနည်းချက်ကိုပြရတာ

ကျိုးနဉ်နဉ်က လီမောမောထံသို့သွားကာ ဒူးညွတ်ဂါဝရ‌ပြုလိုက်လေသည်။  လီမောမောသည် နန်းတော်၏ ကျင့်ဝတ်စည်းမျဉ်းများကို လေးစားလိုက်နာသူတစ်ဦးဖြစ်သည့်အတွက် ကိုယ်လုပ်တော်တစ်ဦးမျှသာဖြစ်သော်လည်း သူမသည် ဧကရာဇ်၏ ဇနီးမယားဖြစ်နေသောကြောင့် လီမောမောက ချက်ချင်းပင် ဒူးထောက်လိုက်လေသည်။

"ရှောင်ယီ…မင်းက သခင်မတစ်ယောက်ဖြစ်ပြီး ဒီလူအိုကြီးက အစေခံပါ…ဒီလိုမျိုးအစေခံတစ်ယောက်ကို ဂါဝရပြုတာကမသင့်တော်ပါဘူး"

Concubine System(Realm-31)Where stories live. Discover now