11

461 82 0
                                    

[UNICODE]

(1948) ကျွန်တော်မျိုးမ က နိမ့်ကျတဲ့ ကိုယ်လုပ်တော်တစ်ယောက်ပါ

ကျိုးနဉ်နဉ် အမြန်ထရပ်ကာ ဂါ၀ရ‌ပြုပြီးနောက် ပြန်ဖြေလိုက်သည်။

"ဧကရီ...ကျွန်တော်မျိုးမက နိမ့်ကျတဲ့ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်လို့ ဧကရာဇ်မင်းရဲ့ ဆန္ဒကို ငြင်းပယ်နိုင်စွမ်းမရှိပါဘူး"

ဧကရာဇ်မင်းက သူမ ဆီရောက်လာတာကို ဘယ်လိုများ နှင်ထုတ်နိုင်မှာတဲ့လဲ

ထို့အပြင် ဧကရီ ၏ မောက်မာမှုကို နှိမ်နှင်းရန် နောက်ထပ်တာဝန်တစ်ခု ရှိသေးသည့်အပြင် ထိုတာဝန်ပြီးသည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး မွှေးကြိုင်စေသည့် 'ထာ၀ရတည်မြဲသော ကိုယ်ထည်ရနံ့' ကို ရရှိမည်ဖြစ်သည်။

နဉ်ရှု မျက်ခုံးပင့်ကာ ; သူမ သာ အခန်းထဲမှာနေပြီး မျက်နှာထွက်မပြရင် ကျောက်ရွှိ က သူမ ဆီကိုသွားမှာတဲ့လား

ယောက်ျားများသည် မိန်းမများက သူတို့အား သွေးဆောင်ဖြားယောင်းနေသည်ကိုမသိပါပဲ ထိုလမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြသည်။ သူတို့သိသွားသည့်အခါတွင်လည်း ကိုယ်ကျိုးအတွက် အသုံးချတတ်ကြသေးသည်။

နဉ်ရှု လျစ်လျူရှုကာ တည်တည်ငြိမ်ငြိမ်ဖြင့် "မင်းဘာလို့ ဒီလောက်ထိ စိတ်လှုပ်ရှားနေရတာလဲ...မှတ်တမ်းတင်ဖို့အတွက် စာရေးကောက်သူ ထုန်ရှစ် ကို ရေးခိုင်းဖို့ မေးလိုက်ရုံသက်သက်ပဲ...မှတ်တမ်းမတင်ချင်ရင်လည်း ပန်ကုန်း ဒီကိစ္စကို မရေးခိုင်းပဲနေလိုက်မယ်"

အကယ်၍ အိပ်စက်ခြင်း အကြောင်းအရာများကို စာအုပ်ထဲတွင် မှတ်တမ်းတင်ထားခြင်းမရှိပါက ကျိုးနဉ်နဉ် ကိုယ်ဝန်ရှိလာသည့်အခါ ထိုကလေးအား တရားမဝင်ဟု ယူဆကြသည်။

ကျိုးနဉ်နဉ် ခဏတာမျှအံ့အားသင့်ကာ သူမကိုယ် သူမ စိတ်တိုသွားခဲ့သည်။ သူမ ထာ၀ရ,အနံ့ကို အမှန်တကယ်ပင်လိုချင်လွန်းသောကြောင့် သူမ စိတ်မရှည်ဖြစ်သွားခဲ့သည်။ နှင်းပွင့်လေးများထက်သာလွန်နေသော သူမ၏ အသားအရေကြောင့် ကျောက်ရွှိသည် သူမ အား အလွန်နှစ်သက်နေခဲ့သည်။ အကယ်၍ သူမတွင် ထာ၀ရ,ရနံ့ရှိပါက ပိုမိုပြီးပြည့်စုံနေလိမ့်မည်။

Concubine System(Realm-31)Where stories live. Discover now