15

555 82 2
                                    

[UNICODE]

(1952) ကျားကိုမောင်းထုတ်ဖို့ ဝံပုလွေကိုအသုံးချရင်....

"မေမေ...သမီး ဘာလုပ်နေလဲဆိုတာသိပါတယ်" နဉ်ရှု လက်ဖက်ရည်သောက်ရင်း‌ပြောလိုက်သည်။

မေမေဖု က "လျန်ရီး...ဧကရီကို ပြလိုက်ပါ"

"ဟုတ်ကဲ့" လျန်ရီး က သူမခြေထောက်ကို မြှောက်ကာ ခေါင်းပေါ်သို့တင်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်မှာ ကြောက်ခမန်းလိလိပျော့ပြောင်းကွေးညွတ်သွားသည့်တိုင် နဉ်ရှု ၏ အမူအရာမှာတော့ပြောင်းလဲသွားခြင်းမရှိ အရည်းအချင်းပြသည့်ရှိုးပွဲအားကြည့်နေရသကဲ့သို့ပင်။

"ဧကရီ...လျန်ရီး ရဲ့ ခန္ဓာကိုယ်က အရမ်းပျော့ပြောင်းတယ်...သူမ က ငယ်ငယ်လေးကတည်းက ဆေးဖက်၀င်အပင်မျိုးစုံနဲ့ ရေစိမ်ချိုးခဲ့ရတာလေ...အဲ့တာကြောင့် ဒီဘ၀မှာတော့ သူမ ကိုယ်ဝန်ဆောင်နိုင်တော့မှာမဟုတ်ဘူး"

"သူမကို ပြည့်တန်ဆာခေါင်းလုပ်ခိုင်းဖို့အတွက် ပြည့်တန်ဆာခေါင်းဆောင်က ပြုစုပျိုးထောင်ပေးခဲ့တာ...အဲ့တာကြောင့် ကျွန်တော်မျိုးမက ဈေးကြီးကြီးနဲ့၀ယ်ခဲ့ရတယ်....ဒါပေမယ့် ဧကရီ နန်းတော်ထဲမှာ ကိုယ်လုပ်တော်နဲ့ကြင်ယာတော်တွေ အများကြီးနေပြီမဟုတ်ဘူးလား...."

နဉ်ရှု ချိုးလင်နှင့် စကားပြောနိုင်ရန်အတွက် ဖုမေမေ ခဏရပ်လိုက်သည်။

"လျန်ရီး ကို သန့်စင်ပေးဖို့ခေါ်သွားလိုက်ပါ"

"ဟုတ်ကဲ့" ချိုးလင် က လျန်ရီး ကိုခေါ်ကာထွက်သွားခဲ့သည်။

"ကျားကိုမောင်းထုတ်ဖို့ ဝံပုလွေကို အသုံးချရင်ဝံပုလွေကိုက်တာခံရလိမ့်မယ်"

ဖုမေမေ က သူမ၏စိုးရိမ်မှုကြောင့်ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

"ဧကရီ...ဧကရာဇ်အတွက် အမွေဆက်ခံသူတစ်ယောက်ကို ဖွားမြင်ပေးသင့်တယ်...အဲ့လိုသာဆို အနောက်နန်းဆောင်ကဘယ်ကိုယ်လုပ်တော်မှ ဧကရီ ထက်သာလွန်နိုင်မှာမဟုတ်ဘူး"

နဉ်ရှု စကားတစ်ခွန်းမှပြန်မပြောခဲ့ပါ။ သူမ ဘာလို့ ဒီလိုမိန်းမမျိုးကိုရှာခဲ့တာလဲ?

Concubine System(Realm-31)حيث تعيش القصص. اكتشف الآن