12

561 94 7
                                    

[UNICODE]

(1949) ကောင်းလိုက်တဲ့လက်ဖက်ရည်ပါလား

နဉ်ရှု ကျွမ်းဖေး ကိုကြည့်ကာ ဆွံ့အသွားခဲ့သည်။ ကျွမ်းဖေးက အဆင့်နိမ့် ကိုယ်လုပ်တော်တစ်ယောက်ကိုတောင် မထိန်းချုပ်နိုင်ပါလား..ဒီအတွက်နဲ့ သူမဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ?

"‌ဧကရီ...ကျိုးရှောင်ယီကို ကြည့်ပါဦး...အဆင့်နိမ့်ကိုယ်လုပ်တော်တစ်‌ယောက်က ကိုယ်လုပ်တော်တွေရှေ့မှာ ဧကရီကို အရှက်ရစေတယ်"

ကျွမ်းဖေးသည် သူမ၏ လက်ကိုင်ပုဝါကို လိမ်ကာ နဉ်ရှုအား ပြောလိုက်သည်။

နဉ်ရှု လက်ဖက်ရည် တစ်ခွက်သောက်ပြီးနောက် နှုတ်ခမ်းကိုသပ်ကာ ; နန်းတော်ထဲက ကုန်ပစ္စည်းတွေက ကောင်းလိုက်တာ

"ဧကရီ...ကျွန်တော်မျိုးက သဘောထားကွဲလွဲဖို့မရည်ရွယ်ပါဘူး...ဒါပေမယ့် ကျိုးရှောင်ယီက အရမ်းလွန်လွန်းတယ်" ကျွမ်းဖေး က အတွေးလွန်နေသော နဉ်ရှုကို ကြည့်ကာ ပြောလိုက်သည်။

"အို!.." နဉ်ရှု က လက်ဖက်ခွက်ကိုချကာ "ကျိုးရှောင်ယီက မင်းရဲ့ နန်းဆောင်ကလူပါ...ကိုယ့်နန်းဆောင်ထဲက လူကိုတောင် မထိန်းချုပ်နိုင်ပဲ ပန်ကုန်း ဆီလာပြီး ညည်းငြူဖို့ မျက်နှာရှိသေးတာလား?...ကိုယ့်နန်းဆောင်ကို အရင်ပြန်ပြီး ကျိုးရှောင်ယီ ကို သင်ပေးလိုက်ဦး"

ဖေး အဆင့်က ရှောင်ယီ အဆင့်ကိုတောင် မထိန်းနိုင်ပဲ လာညည်းနေသေးတယ်

"ဧကရီ...သူမရဲ့ အသွင်အပြင်ကမြင်တဲ့အတိုင်းပဲလေ...ကျွန်တော်မျိုးမ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာမသိပါဘူး...ဧကရာဇ်ရဲ့ မျက်နှာပေးမှုကြောင့် ကျွန်တော်မျိုးဘာမှ မတတ်နိုင်ဘူး ဖြစ်နေတယ်...ပြီးတော့ ကျွန်တော်မျိုးမ ရှက်လည်းရှက်တယ်...ဒီလိုမျိုးသာ အမြဲဖြစ်နေရင် ကျွန်တော်မျိုးမ ဘာမှမလုပ်နိုင်ဝောာ့ပါဘူး"

"ဘာလုပ်ရမှန်းမသိရင် တစ်ခုခုလုပ်ဖို့ မစဉ်းစားနိုင်ဘူးလား"

စစ်ဦးစီးမှူး မိသားစုကဆင်းသက်လာတဲ့လူတစ်ယောက်က နည်းဗျူဟာ သုံးဆယ့်ခြောက်မျိုးကိုနားလည်နေရမှာမဟုတ်ဘူးလား...ရုပ်ပိုင်းဆိုင်ရာ လှပ‌သလောက် ဦးနှောက်က သုံးမရဖြစ်နေတာပဲ...

Concubine System(Realm-31)Where stories live. Discover now