21

372 49 1
                                    

(1958) မင်းထပ်ပြီးကျရှုံးမယ်ဆိုရင် အပိုင်းပိုင်းအဖြတ်ခံရလိမ့်မယ်

"မင်း သူ့ကို ကယ်ဖို့ကြိုးစားရင်း ဒဏ်ရာရသွားတဲ့အတွက် ဧကရာဇ်မင်းက မင်းကို သေချာပေါက် မြှင့်တင်ပေးလိမ့်မယ်…ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို မင်းရပြီးတာနဲ့ ယောက်ျားတွေက မင်းကို ပိုစွဲလမ်းလာလိမ့်မယ်" ကိုယ်လုပ်တော်စနစ်က ပြောလိုက်သည်။

"မင်းဒဏ်ရာတွေက မြန်မြန်သက်သာလာမှာပါ"

ကျိုးနဉ်နဉ်က ဤချဉ်းကပ်မှုမှာ မှားယွင်းနေသည်ဟု ခံစားနေရဆဲပင်။

"ငါတို့တခြားနည်းလမ်းကိုသုံးသင့်တယ်လို့မထင်ဘူးလား…အခုထိ ဒဏ်ရာရဖို့မထိုက်တန်သေးဘူး…ဒါမှမဟုတ် ငါ့ကိုဆုအရင်ပေးလိုက်ရင်ရော? ပွဲတော်အတွင်းမှာ ကျောက်ရွှိရဲ့အာရုံကိုဆွဲဆောင်ဖို့ နည်းလမ်း သေချာပေါက်ရှာတွေ့မှာပါ"

"မင်းမှာကန့်ကွက်ပိုင်ခွင့်မရှိဘူး" စနစ်ကအေးစက်စက်စကားဆိုလိုက်သည်။

ကျိုးနဉ်နဉ် သက်ပြင်းချလိုက်သည် ; ကျောက်ရွှိ သူမကို ရေရှည်အထင်ကြီးအောင်လုပ်ဖို့ အခွင့်အရေးယူသင့်တယ်။

ကျိုး‌နဉ်နဉ်က စနစ်နှင့်ဆွေးနွေးလိုက်သည်။

"ဒါဆို ဒီတလောငါ့ကိုမစ်ရှင်အသစ်တွေထပ်မပေးနဲ့တော့…ဆောင်းဦးပွဲတော်ကိုတက်ရောက်ဖို့ ကောင်းကောင်းပြင်ဆင်ထားဖို့လိုတယ်…ပြီးတော့ ကျေးဇူးပြုပြီး ငါ့ကိုပြစ်ဒဏ်မပေးပါနဲ့တော့နော် ငါ့ကိုကောင်းကောင်းအနားယူခွင့်ပြုပါ"

"မင်းက ငါနဲ့ညှိနှိုင်းဖို့အရည်အချင်းမရှိဘူး…မစ်ရှင်တစ်ခုထုတ်လိုက်ပြီဆိုတာနဲ့ မင်းတာဝန်က မစ်ရှင်ပြီးအောင်လုပ်ဖို့ပဲ" ကိုယ်လုပ်တော်စနစ်၏အသံမှာ အေးစက်စက်။

"ငါညှိနှိုင်းနေတာမဟုတ်ပါဘူး…နင်ငါ့ကို မျက်တွင်းချောင်ပြီး ညှိုးနွမ်းနေတဲ့ပုံစံနဲ့မသွားစေချင်ဘူးမှတ်လား"

ကျိုးနဉ်နဉ် သူမ၏အခြေအနေကို သူမနားလည်၏။ အောင်မြင်ရန်အတွက် စနစ်ကိုသာမှီခိုအားထားနေရသောကြောင့် စနစ်နှင့် မညှိနှိုင်းဝံ့ပေ။

You've reached the end of published parts.

⏰ Last updated: Apr 19 ⏰

Add this story to your Library to get notified about new parts!

Concubine System(Realm-31)Where stories live. Discover now