13

462 84 0
                                    

(1950) ကျင့်ဝတ်များကို အသေအချာလေ့လာသင်ယူပါ။

ဒါဆို သူမ က ဖျားနေတာလား၊ မဖျားနေဘူးလား?

"မင်းကိုကြည့်ပေးဖို့ တော်၀င်ဆေးဆရာကို ပင့်လိုက်ပါ...နောက်ရက်အနည်းငယ်အတွင်း အရိုသေပေးစရာမလိုဘူး"

"ဧကရီ ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"ပြောပြီးနောက် ကျွမ်းဖေး ထွက်သွားလေသည်။

ချန်ချိုးနန်းဆောင် မှ ထွက်ခွာပြီးနောက် ကျွမ်းဖေးသည် ယင်းယွဲ့နန်းဆောင်သို့ ပြန်သွားကာ ကျိုးနဉ်နဉ် ကို ကြည့်ရန် ယွိချုန်ဥယျာဉ်သို့ သွားခဲ့သည်။

ကျွမ်းဖေး ယွိချုန်ဥယျာဥ် သို့ရောက်သောအခါ လီမောမော မှ သင်ခန်းစာပို့ချ‌နေသည်ကို ကျိုးနဉ်နဉ် က မတ်တပ်ရပ် နားထောင်နေ၏။ လီမောမော သည်လက်ထဲတွင် ဝါးချောင်းတစ်ချောင်းကို ကိုင်ဆောင်ကာ ကျိုးနဉ်နဉ် ၏ ခေါင်းပေါ်သို့ စာအုပ်တစ်အုပ်နှင့် ခွက်တစ်ခွက်တင်လိုက်ပြီး ကျိုးနဉ်နဉ် အား ဂါ၀ရပြုခိုင်းလိုက်သည်။

ကျိုးနဉ်နဉ် သည် လီမောမော လုပ်ပြသည့်အတိုင်း ခါးကိုအနည်းငယ်ကွေးကာ ခေါင်းငုံ့လိုက်သည်နှင့် သူမ ခေါင်းပေါ်ရှိခွက်မှာ ကြမ်းပြင်ပေါ်သို့ 'ခွမ်း'ဟူသည့်အသံဖြင့်ပြုတ်ကျသွားပြီး အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ကုန်တော့သည်။

"ကျိုးရှောင်ယီ...ကျေးဇူးပြုပြီး အလေးအနက်ထားပါ"

လီမောမော သည် ကျိုးနဉ်နဉ် ၏ ခါးအား တုတ်နှင့်ရိုက်၍ "ဂါ၀ရပြုတဲ့အခါ မင်းရဲ့ခါးကို တည့်တည့်မတ်မတ်ထားပါ...မလှုပ်ပါနဲ့"

ကျိုးနဉ်နဉ် ခါးကို အရိုက်ခံလိုက်ရသောကြောင့်အလွန်နာကျင်သွား၏။ အသားအရည်သည်လည်း အလွန်နုနယ်လွန်းသောကြောင့် ထိလွယ်ခိုက်လွယ်ပြီး အရိုက်ခံလိုက်ရသည်နှင့် နီရဲလာလေတော့သည်။

လီမောမော ရိုက်တာ အရမ်းနာတာပဲ!

‌"ကျိုးရှောင်ယီ...ကျင့်၀တ်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို တတ်နိုင်သမျှ သင်ယူသင့်တယ်"

လီမောမော က လေး‌လေး နက်နက်ဖြင့် ;
"ဧကရီ က မင်းရဲ့ကျင့်ဝတ်တွေကို မကျေနပ်ဘူးလို့ ကြားထားတယ်...ဒီရက်အနည်းငယ်အတွင်းမှာ ကျင့်ဝတ်တွေနဲ့စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာသင်ယူရပါမယ်"

Concubine System(Realm-31)Wo Geschichten leben. Entdecke jetzt