1

2.4K 96 2
                                    

Zawgyi // Unicode

" ဟေ့ကောင် မင်းဘာလုပ်နေတာလဲ "

" အလုပ်လုပ်နေတာလေ..ဘာဖြစ်လို့လဲ မင်းက ထိထ်ထိထ်ပြာပြာနဲ့ "

" ဟိုဘက်လမ်းမှာ မင်းသား Jimin ရောက်နေတယ်ကွ "

" အဲ့ဒီတော့.."

" မင်းက တကယ်သွေးအေးတယ်ကွာ.. တစ်ရုံးလုံးသွားကြည့်နေတာကို မင်းသူ့ကို မကြိုက်ဘူးလား "

သူကသာ စိတ်လှုပ်ရှားနေတာ ရှေ့မှသကောင်သားကတော့ ကွန်ပြူတာကို ကြည့်နေတာ တစ်ချက်မှမလှုပ် ။

" ငါမှအလုပ်မပြီးသေးတာ..အလုပ်ချိန်အတွင်းအပြင်ထွက်ရင် သူဌေးကပွမ်မှာပေါ့.. ဒီနေ့မှ အလုပ်ဝင်တာကို အထုတ်ခံရအောင်လုပ်နေတာလား? "

" အခု သူဌေးမှမရှိတာ..ကဲ မြန်မြန်လာပါကွာ အိုက်တင်ခံမနေနဲ့ ငါနဲ့လိုက်ခဲ့ "

TaeHyung က အတင်းဆွဲခေါ်နေတာနဲ့ သူလိုက်သွားခဲ့သည်။ အတင်းငြင်းရင်ရပေမယ့် ဟိုဘက်လမ်းနဲ့ ဒီဘက်လမ်းက သိပ်အကွာအဝေးကြီးလည်း မဟုတ်တဲ့အပြင် ဒီ company မှာ အလုပ်ဝင်ဖို့ TaeHyung ကပဲ တိုက်တွန်းခဲ့တာမို့ အားနာပြီးလိုက်ခဲ့တာလည်း ပါသည်။

မိတ်ဆွေတစ်ယောက်ရဲ့ Car Showroom ဖွင့်‌ပွဲမို့ Jiminကို ဖဲကြိုးဖွင့်ဖို့ ဖိတ်ထားတာကြောင့် လာခဲ့ပေမယ့် ဒီရောက်တော့ သူ့ကိုစောင့်နေတဲ့ ပရိသတ်တွေက များလွန်းတာကြောင့် ဝမ်းသာမိသည်။

" Jiminရေ..အရမ်းချစ်တယ်နော် "

Bodyguardsတွေ security တွေ ပါတာမို့ လှမ်းအော်နေတဲ့ ပရိသတ်တွေကို အပြုံးချိုချိုလေးဖြင့်သာ လက်ပြနှုတ်ဆက်မိသည်။

ကားပေါ်က ဆင်းဆင်းချင်း လူအုပ်ကြီးကို လက်ပြနှုတ်ဆက်နေသည့် ParkJimin ကို TaeHyung ခြေဖျားထောက်၍ မျက်လုံးကျွတ်ကျမတတ်ငေးနေသည်။

" ချောလိုက်တာကွာ.. perfect ဆိုတာ သူ့ကိုရည်ညွှန်းတာပဲနေမှာ "

ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီအဖြူကို စတိုင်ပန်အမဲနဲ့ တွဲဝတ်ထားပြီး ဆံပင်ကို လက်တစ်ဖက်နဲ့ သပ်သပ်တင်နေသည့် ParkJiminကို လှမ်းကြည့်ပြီး  TaeHyung အပြတ်အသတ် ချီးကျူးနေသည်။

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now