3

518 68 2
                                    

Zawgyi  //  Unicode







" နေကောင်းသွားပြီလား "

" ဟုတ်ကဲ့ သူဌေး "

" အင်း။ ငါမင်းအပါအဝင်ကျန်တဲ့သူတွေရော ဒဏ်ကြေးပဲကောက်ထားတယ် နောက်တစ်ခါဆိုတစ်အုပ်စုလုံး အလုပ်ထုတ်ခံရမယ်နော် "

" ဟုတ်ကဲ့ပါ "

မနက်ခင်းအစည်းအဝေးပြီးတော့ အားလုံးအလုပ်ကိုယ်စီ ပြန်လုပ်ကြသည်။ တစ်ရက်လေးအပြင်ခိုးထွက်မိတဲ့ ဒဏ်ကြေးကမနည်းလှတာမို့ နောက်ထပ်ခိုးမထွက်မိအောင် အချင်းချင်းတောင် မျက်နှာချင်းမဆိုင်ကြပဲ ငြိမ်ကုတ်နေကြသည်။

သူကတော့ အလုပ်လုပ်နေပေမယ့် ရင်ထဲမှာလေးနေတုန်းပါ။ မနေ့ကအိပ်မက်ထဲမှာ အလုပ်ဆင်းချိန်ဖြစ်နေတာမို့စိတ်ပူမိသည်။

တဖြည်းဖြည်းနဲ့ ညနေ၆နာရီထိုးလာပြီ။
ရုံးခန်းထဲမှာလည်း လူတစ်ချို့သာကျန်တော့သည်။ အခုထိဖုန်းသံမမြည်လာသေးတော့ စိတ်ပေါ့သွားရ၏။
သက်ပြင်းချလိုက်ပြီး အလုပ်ဆင်းဖို့ပြင်လိုက်သည်။ ထိုင်ခုံကနေထရပ်လိုက်တဲ့ အချိန်မှာ အိတ်ကပ်ထဲက ဖုန်းမြည်လာခဲ့သည်။ လှုပ်ရှားမှုတွေတုံ့ခနဲရပ်ပြီး မျက်လုံးပြူးသွားသည်။

သူဌေးမဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း အိတ်ကပ်ထဲကဖုန်းကို ထုတ်ကြည့်လိုက်ချိန် ဆုတောင်းပြည့်ပုံကတော့ contact nameက သူဌေး ဖြစ်နေလေသည်။
တံတွေးတစ်ချက်မျိုချပြီး ဖုန်းကိုင်လိုက်သည်။

" ဟယ်လို..သူဌေး "

" မင်းငါ့ရုံးခန်းထဲလာခဲ့ဦး.."

" ဟိုလေ သူဌေး..ကျွန်တော်လမ်းမှာ…"

" ဘာတွေလာပြောနေတာလဲ? မင်းအခုထိရုံးခန်းထဲမှာပါ။ ငါ CCTVကနေအကုန်မြင်နေရတယ် မင်းကိုငါအလုပ်ခိုင်းဖို့ခေါ်တာမဟုတ်ဘူး အခုလာခဲ့.."

သူဌေးကပြောပြီးပြီးချင်းဖုန်းချသွားခဲ့သည်။ စိတ်မလုံလို့ပတ်ပတ်လည်လျှောက်ကြည့်မိတော့ သူ့ရှေ့တည့်တည့်မျက်နှာချက်မှာ CCTVကြီးကပြူးလို့ ။

" ဘာမှမဖြစ်ဘူး..ဘယ်သူပဲရောက်ရောက် ငါရအောင်ငြင်းရမယ် "

သူဌေးရုံးခန်းထဲရောက်တော့ ထင်တဲ့အတိုင်းပဲ ParkJiminရောက်နေတာ။ ထိုအနှီလူသားမျက်နှာကို မြင်လိုက်ရတော့ ပိုလန့်သွားမိသည်။ ဝတ်ထားတာလည်းသူ့အိပ်မက်ထဲကအတိုင်း တစ်ကိုယ်လုံးနက်ဆွေးနေအောင် ဝတ်ထားသည်။
သူ့ကိုပြုံးပြနေသည့် မျက်နှာကလည်း တထေရာတည်း။

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now