11

514 44 11
                                    

Zawgyi // Unicode














Jimin နဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်း Jimin အလုပ်မရှိတဲ့အချိန်ဆိုလည်းသူအမြဲရောက်လာသည်။ မနက်မိုးလင်းလို့မျက်လုံးတွေဖွင့်လိုက်ရင်သူပို့တဲ့ morning ဆိုတဲ့စာကြောင်း message လေးကိုအရင်မြင်ရသည်။ ထိုကောင်လေးကတခြားလူတွေလိုလည်းချစ်စကားဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်ပေ။ မနက်ခင်းတိုင်းထိုကောင်လေးမျက်နှာကိုမြင်နေရတာလည်း Jimin အတွက်စိတ်ကြည်နူးစရာတစ်ခုဖြစ်နေပြီ။

ဒီမနက်ပိုင်းမှာအလုပ်အတွက် schedule မရှိပေမယ့်ထုံးစံအတိုင်းသူရောက်လာသည်။ Jimin ကလည်းသူ့ကိုအိမ်ထဲဝင်ဖို့ခေါ်သည်။

" ဒီမှာခဏစောင့်ဦး ကိုယ်အင်္ကျီသွားလဲဦးမယ် "

" အင်း "

ချစ်သူဖြစ်တာတစ်လတောင်မပြည့်သေးပေမယ့်ဘယ်ဘဝကဆုတောင်းကြောင့်လည်းမသိ ထိုကောင်လေးကိုသူသိပ်ချစ်သည်။ သူ့ရဲ့အနားမှာနေရင်ဘယ်လိုအန္တရာယ်မှမရှိနိုင်တာကိုလည်း ယုံကြည်သည်။

ခဏနေတော့ Jimin ကပေါ့ပေါ့ပါးပါး oversized ရှပ်အင်္ကျီ ဒူးပြဲဂျင်းဘောင်းဘီလေးနဲ့ထွက်လာသည်။ ထိုလူသားလေးရဲ့အလှတရားကမနက်နေထွက်ကာစရောင်ခြည်လိုမျိုးနုသစ်လန်းဆန်းနေသည်။

" ဒီမနက်ဘယ်သွားမလို့လဲ schedule မရှိဘူးလား "

" အင်းလေ အလုပ်အတွက်မရှိပေမယ့်ကိုယ်သွားစရာရှိလို့ "

JungKook ခေါင်းငြိမ့်ပြလိုက်သည်။

" ဒါနဲ့နေပါဦး schedule မရှိဘဲမင်းကျတော့ဘာလို့ရောက်လာတာလဲ "

" ကျွန်တော်ကလာနေကျဖြစ်နေပြီလေ ခင်ဗျားမျက်နှာကိုနေ့တိုင်းမြင်ခွင့်ရဖို့ကအလုပ်တစ်ခုလိုဖြစ်နေပြီ "

ထိုကောင်လေးကရှက်တတ်သည်။ ချစ်သူကိုချစ်တဲ့အကြောင်းပြောတာများမျက်နှာကပြုံးနေပေမယ့်ခေါင်းကဟိုလှည့်ဒီလှည့်
Jimin ကတော့ထိုကောင်လေးအဲ့လိုရှက်နေတာလေးကိုမြင်ချင်လို့ကြည့်နေမိတာ။ ရှက်တတ်တဲ့ကောင်လေးကိုစနောက်ချင်မိသည်။

" ကိုယ်တော့မင်းကိုမတွေ့ချင်ပါဘူး "

" တကယ်နော် အဲ့ဒါဆိုပြန်တော့မယ် "

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now