7

397 46 2
                                    

Zawgyi   //   Unicode






















အခုလောက်ဆို Jimin နဲ့သူ့ရဲ့သတင်းတွေကလူမှုကွန်ရက်မှာရေပန်းစားနေလောက်သည်။ TV အစီအစဉ်မှာမပါလို့ မေမေမသိရင်တောင်ဖုန်းသုံးနေတဲ့ညီမလေးကသိမှာပဲဆိုတာခန့်မှန်းမိလို့နောက်ကျမှပြန်လာတာတောင်ဧည့်ခန်းမှာသားအမိနှစ်ယောက်ထိုင်စောင့်နေသည်။

" သား..မင်းဒီနေ့အလုပ်မသွားဘူးမလား "

" ကိုကို ဒါကိုကိုမလား.."

" သားရှင်းပြပါ့မယ် "

" မင်းရှင်းပြတာကို‌နားထောင်ချင်လို့ကိုစောင့်နေတာ ပြောပါဦးဘယ်လိုဖြစ်တာလဲ "

အိပ်မက်မက်လို့သွားမိရာကနေ ဒီနေ့ဖြစ်သမျှဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်သည်။

" အိပ်မက်ကအိပ်မက်ပဲလေ။ ဘာဖြစ်လို့အဲ့အထိလိုက်သွားခဲ့တာလဲ သူကရွှေမင်းသားလေသား.. ဘေးမှာစောင့်ရှောက်မယ့်သူတွေဒီလောက်ပေါနေတာကို မင်းက.."

မေမေကပြောရင်းနဲ့ဒေါသထွက်လာသည်။

" ဒါဆိုမင်းအခုဘာဆက်လုပ်မှာလဲ "

" ကျွန်တော်အလုပ်ထွက်လိုက်ပြီမေမေ.."

" ဘာ!..ဒါဆို မင်းကသူ့ bodyguard လုပ်တော့မယ်ပေါ့ဟုတ်လား.. မင်းချစ်ရတဲ့ မြတ်နိုးရတဲ့အလုပ်ကိုစွန့်လွှတ်ရလောက်တဲ့အထိသူကတော်တော်အရေးပါနေတာလား.. ဟင် ငါမင်းကိုကျွေးမွေးစောင့်ရှောက်ထားတာတခြားတစ်ယောက်အတွက်အသေခံပေးမယ့် သက်တော်စောင့်လုပ်ပေးဖို့လား ဖြေစမ်းပါ.."

မေမေကသူ့ကိုထိခိုက်မှာစိုးရိမ်လို့ပြောနေတာကိုနားလည်ပေမယ့် Jimin အန္တရာယ်ရှိတာကိုကြိုမြင်နေတဲ့လူကလည်းသူတစ် ယောက်ပဲရှိတာမို့။

မေမေ့လက်ခုံလေးကိုဆုပ်ကိုင်လိုက်သည်။

" မေမေထင်သလိုမဟုတ်ပါဘူး..ကျွန်တော်အရင်တုန်းက ParkJimin ကိုအိပ်မက်မက်တာမေမေ့ကိုပြောပြသေးတယ်လေ။ မေမေကစိတ်စွဲလို့မက်တာပါလို့ပြောခဲ့တယ်။ အဲ့ဒါကျွန်တော်စိတ်စွဲလို့မက်တာမဟုတ်ဘူးမေမေ..သူတစ်ခုခုဖြစ်တော့မယ်ဆိုကျွန်တော်အမြဲတမ်းကြိုသိနေတာ။ ကျွန်တော့်အိပ်မက်တွေအတိုင်းတကယ်ဖြစ်လာတော့သတိမပေးလို့မရတော့ဘူးမေမေ..သူ့အနားမှာကျွန်တော်ရှိနေမှဖြစ်မှာ ဒါပေမယ့်အချိန်ပြည့်မဟုတ်ဘူးမေမေ ကြိုသတိပေးဖို့အတွက်ပါပဲ..."

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now