4

477 57 3
                                    

Zawgyi // Unicode






" ဒါဆို မင်းကသူအိမ်ထိတောင်လိုက်သွားခဲ့တာပေါ့.."

" အင်းလေ။ ဒဏ်ရာရသွားတာငါ့ကြောင့်လေ ဒီအတိုင်းပြန်လွှတ်ရက်ပါ့မလား "

" သူ့အမေ သဘောကောင်းကြီးနဲ့ရောတွေ့ခဲ့ရဲ့လား.."

ပြောနေတဲ့ မန်နေဂျာ NamJoon ရဲ့မျက်နှာက မဲ့ရွဲ့နေတာကြောင့် Jimin မသင်္ကာဖြစ်မိသည်။

" ဘာဖြစ်လို့လဲ မင်းတွေ့ရတာအဆင်မပြေဘူးလား ငါ့ဆီဖုန်းဆက်တော့ အိုကေပါတယ်ဆို "

" ဪ..အဲ့တုန်းက မင်းကရိုက်ကွင်းမှာလေ ငါကအဆင်မပြေပါဘူး လာရှင်းပေးပါလို့ပြောရမှာလား "

" ဧကန္တ မင်းအဲ့ဒီအန်တီနဲ့စကားများလာတာလား "

" မများပါဘူး။ ဒါပေမယ့်သူ့သားကို စိုးရိမ်တာလွန်ရောပဲ ငါကအကျယ်ဇယားတွေခင်းမှာဆိုးလို့ ကဒ်တစ်ကဒ်ပေးတာကို ဘာပြန်ပြောတယ်မှတ်လဲ? မင်းကနိုင်ငံကျော်မင်းသားဆို သူ့သားကလည်း သူတို့အိမ်ကမင်းသားပဲတဲ့ သူ့သားကိုသူတို့ကိုယ်တိုင်ဂရုစိုက်ထားတာတဲ့ ဆေးရုံစရိတ်ပေးတဲ့မင်းအတွက် မင်းကိုကျေးဇူးတင်ကြောင်းပြောလိုက်ဆိုပြီး ငါ့လက်ထဲကဒ်ပြန်ထည့်ပေးတာလေ အဘွားကြီးကတကယ်မလွယ်ဘူး..သူ့သားက ၆ချက်လေးချုပ်ရတာကို "

" ၆ချက်တောင် ချုပ်ရတာလား.."

Jimin မျက်လုံးပြူးမျက်စံပြူးဖြစ်သွား၏။ မနေ့က JeonJungKookက ဘာမှမဖြစ်ပါဘူးလို့ပြောတာတောင် သူ့သားဒဏ်ရာတစ်ခုခုရသွားလားဆိုပြီး စိုးရိမ်တကြီးရှာဖွေနေတဲ့ မျက်ဝန်းများကိုပြန်မြင်ယောင်မိတော့ အားနာစိတ်ဖြစ်သွား၏။

" ခေါင်းမှာဒီလောက်ဒဏ်ရာကြီးရတာကို မင်းကပိုက်ဆံသွားပေးတော့စိတ်မဆိုးဘဲနေမလား "

" ငွေမကြိုက်တဲ့သူဘယ်မှာရှိလို့လဲ Jiminရယ်။ မင်းပြဿနာတွေကိုဖြေရှင်းပေးရမှာ ငါ့အလုပ်လေ ဒီလိုပဲလုပ်ရမှာပေါ့ "

" သူတို့အိမ်ကငွေကြိုက်တဲ့သူမရှိဘူး "

ပြောနေတဲ့ Jimin မျက်နှာလေးကပြုံးကြည်နေသည်။ ဟိုကောင်လေးရဲ့ အိမ်လိုက်သွားပြီးဘာတွေသဘောကျစရာများ တွေ့လာလို့လဲ

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now