9

388 43 6
                                    

Zawgyi  //  Unicode













Jimin ဘေးမှာထိုင်၍ကိုယ်ပူချိန်တိုင်းလိုက် ရေပတ်အုပ်ပေးလိုက်နဲ့တဖြည်းဖြည်းညဉ့်နက်လာခဲ့သည်။ အပူချိန် 101လောက်ရောက်တဲ့အချိန်မှာနောက်တစ်ကြိမ်ရေပတ်တိုက်ပေးပြီးထိုင်စောင့်နေရင်းသူ့မျက်လုံးတွေမှေးစင်းလာသည်။

Jimin နိုးလာတော့မျက်လုံးတွေကျိမ်းစပ်နေသည်။ မနေ့ညကအိမ်ရောက်လာတော့ကိုယ့်ကိုယ်ကိုဖျားနေပြီဆိုတာသတိထားမိလိုက်ပေမယ့်ခေါင်းတွေအရမ်းမူးပြီးလဲကျသွား၏။ သူ့နာမည်ကိုခေါ်နေတာရော သူ့ကိုယ်လုံးလေးကုတင်ပေါ်ပွေ့တင်လိုက်တာကိုရော သိလိုက်ပြီးနောက်စိတ်အာရုံတွေက ခန္ဓာကိုယ်ဆီကနေထွက်ခွာသွားခဲ့သည်။

ပြတင်းပေါက်တံခါးကနေအလင်း‌တန်းလေးတွေမစို့မပို့ဝင်နေပြီဆိုတော့မနက်ရောက်နေပြီ။ ထိုကောင်လေးသူ့ဘေးနားမှာ သူခုံထားတဲ့စောင်စလေးကိုဆုတ်ကိုင်၍ကုတင်စွန်းမှာခေါင်းလေးစောင်းပြီးအိပ်ပျော်နေ၏။ ဘေးမှာလည်းရေဇလုံနဲ့ဆေးသေတ္တာလေးတွေ့သည်။ သူ့ကိုတစ်ညလုံးထိုကောင်လေးစောင့်ရှောက်ခဲ့ရပုံပင်။ ထိုကောင်လေးကိုယ်ပေါ်ကိုစောင်ပါးလေးခြုံပေးပြီး သူအိပ်ယာကထလိုက်သည်။ ကိုယ်နွေးနေသေးတော့ရေမချိုးဖြစ်ဘဲခြေလက်သန့်စင်၍အဝတ်အစားလဲလိုက်သည်။

သူအခန်းထဲပြန်လာတဲ့အထိ JeonJungKook မနိုးသေးပါ။ ဘေးမှထိုင်ခုံကိုဆွဲယူ၍ထိုင်လိုက်ပြီးအသက်ရှူသံမှန်မှန်နဲ့အိပ်ပျော်နေတဲ့ ကောင်လေးမျက်နှာကိုငေးကြည့်နေမိသည်။ တစောင်းလေးအိပ်နေတော့တိုစိပ်စိပ်မျက်တောင်လေးတွေနဲ့ နှာတံစင်းစင်းပေါ်ကမှဲ့နက်ကလေးကထင်းနေသည်။ တွေးမိရင်းရယ်ချင်သည်။ ParkJiminရဲ့ bodyguard ကအသက်23နှစ်ပဲရှိသေးတဲ့ငယ်ငယ်ချောချောကောင်လေးတဲ့။ ဒီကောင်လေးကရယ်လိုက်ရင်ချစ်စရာခပ်ကြီးကြီးယုန်သွားလေးနှစ်ချောင်းနဲ့ ချောမောနုငယ်သွားသလောက် သူ့ဘေးမှာလိုက်ကာကွယ်ပြီး bodyguard လိုနေရတော့လည်းမျက်နှာတည်တည်နဲ့ရင့်ကျက်တဲ့လူငယ်တစ်ယောက်ဖြစ်သွားပြန်သည်။

မနေ့ညကထိုကောင်လေးသာသူ့ကိုတစ်ယောက်တည်းပစ်ထားခဲ့မယ်ဆိုရင်ဒီမနက်မှာအသက်ရှင်နိုင်ပါ့မလားမသေချာပေ။ ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်လုံးမှာဘယ်သူ့ဆီကမှ JungKook လိုမျိုးသူ့အပေါ်ဂရုတစိုက်ကြင်နာယုယပေးမယ့်သူမရှိခဲ့တော့ကောင်လေးမျက်နှာလေးကိုငေးကြည့်ရင်းကျေးဇူးတင်တဲ့စိတ်လေးဖြစ်လာမိသည်။ ရင်ထဲမှာလည်းကြည်နူးချမ်းမြေ့နေသည်။

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now