8

380 45 9
                                    

Zawgyi  //  Unicode













သူရောက်သွားတော့အမိုးဖွင့်ကားလေးနဲ့ ရေခဲမုန့်ဆိုင်လေးကသိမ်းနေပြီ။ ကိုယ့်ရှေ့မှာတင် ကောင်မလေးနှစ်ယောက်စောင့်နေတာမို့စီနီယာအတိုင်းနောက်ကိုသွား၍ ခပ်လှမ်းလှမ်းမှာရပ်စောင့်နေမိသည်။ သူရောက်ပြီးသိပ်မကြာခင် တခြားကောင်မလေးတွေလည်း သူ့နောက်ကိုရောက်လာသည်။ ညမိုးချုပ်သည်အထိ လူမပြတ်တော့ဒီဆိုင်လေးကတော်တော်ရောင်းကောင်းတာပဲလို့ တွေးလိုက်မိသည်။

နောက်ဆုံးတော့သူ့အလှည့်ရောက်လာသည်။

" Vanilla နဲ့Chocoပေးပါ "

ရေခဲမုန့်ယူပြီးဒီဘက်လှည့်လိုက်တော့ သူ့နောက်မှာဖုန်းလေးတွေကိုယ်စီကိုင်ပြီး မျက်လုံးပြူးကြည့်နေတဲ့ကောင်‌မလေးနှစ်ယောက်။

" အစ်ကိုက ParkJiminရဲ့ bodyguard မလား.."

ဟုတ်တယ်ပြောရမလား..မဟုတ်ဘူးပြောရမလား နည်းနည်းတော့ခေါင်းစားသွား၏။

" ဟုတ်ပါတယ် "

သူတို့အချင်းချင်းအတည်ပြုနေကြပြီမို့ ခေါင်းငြိမ့်ပြလိုက်သည်။

" အစ်ကိုကအပြင်မှာပိုချောတာပဲ..မင်းသားတောင်လုပ်လို့ရတယ် Jimin ရောမပါဘူးလားဟင်.."

" မပါဘူးဗျ *

" ရေခဲမုန့်ကအစ်ကိုစားဖို့လား "

" ဟုတ်တယ်ဗျ "

" ဪ..အစ်ကိုကနှစ်ခွက်တောင်စားတာပေါ့လေ "

" ..... "

ကိုယ့်လက်ထဲကခွက်တွေကိုပြန်ငုံ့ကြည့်ပြီး အကောင်းဆုံးအဖြေကိုစဉ်းစားလိုက်သည်။

" ကျွန်တော်ကအရသာနှစ်မျိုးရောစားနေကြမို့ပါ "

" vanilla နဲ့Choco ဆိုတော့ဘယ်လိုအရသာလေးများဖြစ်မလဲမသိဘူးနော်..."

" ဟဲ့ နင်ကရေခဲမုန့်အရသာကို သိချင်လို့လာတာလား "

ဘေးကတစ်ယောက်က ရေခဲမုန့်ခွက်ကိုအကြည့်မလွှဲသည့်ကောင်မလေးကို လှမ်းသတိပေးလိုက်သည်။

" မဟုတ်ပါဘူးဟ့ ငါက အင်ထရိုအရင်ဝင်နေတာလေ "

" ဟို..အစ်ကို့ကိုခွင့်တောင်းစရာရှိလို့ပါ အစ်ကိုနဲ့ဓာတ်ပုံလေးတစ်ပုံလောက်တွဲရိုက်ချင်လို့ "

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now