12

713 53 24
                                    


Unicode  //   Zawgyi









" ဟယ်လို "

" JungKook ငါပါ.."

" အော်.. Nari ပြောလေ "

" ဒီတစ်ပတ်ငါတို့သူငယ်ချင်းတွေတွေ့ကြမလားလို့..နင်ရယ်၊ ငါရယ်၊ TaeHyung ရယ် ကျောင်းတုန်းကသူငယ်ချင်းတွေကိုလည်းခေါ်မယ်လေ "

" မဖြစ်ဘူးဟ့ ငါမအားလောက်ဘူး.."

" တနင်္ဂနွေနေ့တွေ့မှာလေ ပြီးတော့လည်းညနေပိုင်းတွေ့မှာကို ဘယ်လိုဖြစ်လို့မအားရတာလဲ "

" ငါ့အလုပ်ကနားချိန်မရှိဘူးဟ့ နင်မသိသေးလို့ပါဟာ ငါ software engineer မလုပ်တော့ဘူး.."

" သိတယ်လေ ရုပ်ရှင်မင်းသား ParkJimin ရဲ့ကိုယ်ရံတော်လုပ်နေတာမလား ဟွန်း.."

" မေမေပြောတာလား "

" အင်း တီတီလေးပြောတာလည်းဟုတ်နေတာပဲ နင့်ဟာကကိုယ့်အသက်နဲ့ရင်းပြီးလည်းကာကွယ်ရသေးတယ် မိသားစုကိုပြန်လှည့်ကြည့်ဖို့လည်းအချိန်မရှိဘူး "

" သူကအဲ့လိုကာကွယ်ပေးမှရမှာမို့လို့.. ပြီးတော့ သူ့ကိုကာကွယ်နိုင်တာလည်းငါတစ်ယောက်ပဲရှိတာ "

" အံမယ် ကြီးကြီးကျယ်ကျယ်တွေပါ နင်ကစွမ်းအားရှင်မို့လို့လား "

Nari ကသူ့အိပ်မက်တွေကြောင်းမသိတော့ ဒီလိုပြောမယ်ဆိုတာ တွေးထားပြီးသား။

" အေး စွမ်းအားရှင်လို့ပဲသတ်မှတ်လိုက်တော့ အဲ့ဒါပိုကောင်းတယ် ငါတကယ်အားနာပါတယ် Nari ရယ် နောက်တစ်ကြိမ်ကျမှငါတို့ထပ်တွေ့ကျတာပေါ့ "

" တော်သေးတာပေါ့ အားနာရကောင်းမှန်းသိသေးလို့ အဲ့ဒါကြောင့် TaeHyung ပြောတာ JungKook ကိုမေးကြည့်ဦးတဲ့ အဲ့ကောင်ကအမြဲအားတာမဟုတ်ဘူးတဲ့ ထင်တဲ့အတိုင်းမအားဘူး.. တော်သေးတယ်ပဲပြောရမယ် ငါသူငယ်ချင်းတွေအကုန်လုံးကိုဖုန်းဆက်မခေါ်ရသေးလို့ မဟုတ်ရင် နင့်လုပ်ပုံနဲ့ငါတောင်းပန်ရတော့မှာ "

" အေးပါ နောက်တစ်ကြိမ်မပျက်ကွက်စေရဘူး စိတ်ချ ဒါပဲနော် "

ဖုန်းချလိုက်ရုံရှိသေး Jimin ကသူ့ပုခုံးပေါ်ကိုမေးလေးတင်ပြီး နောက်ကနေခါးကိုလက်ကလေးနှစ်ဖက်နဲ့ သိုင်းဖက်လာသည်။

ʰᵉᵃʳᵗᵇᵉᵃᵗHikayelerin yaşadığı yer. Şimdi keşfedin