13

394 35 13
                                    









တစ်ပတ်ပြီး တစ်ပတ် ကုန်ဆုံးလာသည်။
မကြာခင်မှာ Jimin နဲ့ သူရဲ့ ချစ်သူသက်တမ်း ရက် 100ပြည့်ပြီ။
Bodyguard သက်တမ်း 6လပျော်နေပေမယ့် ချစ်သူသက်တမ်းကတော့ အခုမှ ရက်100ပြည့်မှာ..

တစ်နေ့ထက်တစ်နေ့ Jimin ကို ပိုတိုးလို့ချစ်မိသည်။ Jimin ကလည်း သူ့ကိုဆို အရမ်းတွယ်တာသည်။ နှစ်ပေါင်းများစွာ ချစ်ခဲ့ကြတဲ့ ငယ်ချစ်ဦးတွေလို တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွေ ပိုတိုးလို့ ချည်နှောင်မိကြသည်။

Jimin က ရိုက်ကူးရေးတွေ ဆက်တိုက်ရှိနေတော့ သူငယ်ချင်းတွေနဲ့လည်း မတွေ့ဖြစ်သေးပါ။
အခုမှ ကိုရီးယားပြန်ရောက်ပြီး သူငယ်ချင်းတွေဆုံဖို့ ကြိုးစားနေတဲ့ Nari ကိုလည်း အားနာမိသည်။

ဒီတစ်ပတ် Osaka မှာ ဇာတ်လမ်းတွဲ နောက်ဆုံးပိုင်းသွားရိုက်ပြီးရင်တော့ နားချိန်ရသည်။ သူ ပါလိုက်သွားရမှာမို့ အိမ်မှာပဲ ထုတ်ပိုးပြင်ဆင်လိုက်သည်။

သူ ခရီးသွားဖို့အတွက် မေမေ့ကို ပြောပြထားပေမယ့် မေမေက ဘာတစ်ခွန်းမှ မပြောပေ။

သူလက်မခံပေမယ့်  Jimin ကအလုပ်အတွက်လို့ ခေါင်းစဉ်တပ်ပြီး သူ့ကို ကားတစ်စီးဝယ်ပေးထားသည်။ ဆိုင်ကယ်နဲ့ လာမယ်ဆိုတော့လည်း လက်မခံ။

" ကိုယ့်ဆီ အလုပ်လာတဲ့ အချိန် ဆိုင်ကယ်ကြီး စီးမလာပါနဲ့ မင်းကို ကိုယ့်ရဲ့ ကိုယ်ရံတော်မှန်း အားလုံးသိနေပြီ.. မင်းအနေကျပ်လိမ့်မယ် " တဲ့လေ

Jimin ပြောတာ အမှန်ပဲဆိုတာ ရေခဲမုန့်ဝယ်ကတည်းက သိနေပြီးသားမို့ ကားဝယ်ပေးတာကို လက်ခံလိုက်သည်။

မိုးလင်းတော့ အိမ်ကနေထွက်ခါနီး ထုံးစံအတိုင်း မေမေ့ကို နှုတ်ဆက်သည်။

" အစစအရာရာ ဂရုစိုက်နော် .. ကိုယ့်အသက်အန္တရာယ်ကို မထိခိုက်စေနဲ့ "

" ဟုတ်ကဲ့ပါ မေမေ "

သူကသာ Jimin အတွက်ပြ လူရောစိတ်ရောနှစ်ပြီး အိမ်ကိုမေ့နေခဲ့မိတာ မေမေကတော့ သူ့ကို စိတ်ပူနေသေးသည်။
မိဘမေတ္တာဆိုတာ ကိုယ့်သားသမီးအပေါ် စိတ်ကွက်တဲ့ အချိန်မှာတောင် တစ်စုံတစ်ရာ ထိခိုက်သွားမှာစိုးရိမ်တာ။
သားသမီး ဘယ်လောက်ဆိုးဆိုး မေတ္တာ မပျက်ဘူးဆိုတာ သူနားလည်လိုက်ပါပြီ။

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now