5

468 51 2
                                    

Zawgyi   //  Unicode


" မင်း.. ကိုယ့်ရဲ့ကိုယ်ရံတော်လုပ်ပေးပါ "

" ဗျာ.. "

မထင်မှတ်ထားတဲ့စကားကြောင့် အံ့ဩသွားရသည်။ ဖုန်းကိုင်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားတဲ့သူပုံကို ထိုလူသားလေးသာမြင်ရင် ဘယ်လောက်တောင်မှရယ်လိုက်မလဲ။

" အချိန်ပြည့်မဟုတ်ပါဘူး။ မင်းအခုလိုအိပ်မက်မက်တဲ့နေ့မျိုးလောက်ပါပဲ "

" မဖြစ်ဘူး Jimin။ ကျွန်တော်အခုလုပ်နေတာ part time job မဟုတ်ဘူး "

" ကိုယ်သိတယ်လေ။ မင်းအလုပ်ထွက်ရမှာပေါ့ ကိုယ်ပြောတာကိုလက်ခံရင် မင်းအခုရတဲ့လစာထက် ၅ဆပိုပေးပါ့မယ်။ ပြီးတော့အချိန်ပြည့်လည်းလုပ်စရာမလိုပါဘူး ဘယ်လိုလဲ "

" ကျွန်တော်အလုပ်မထွက်ဘူးJimin..လစာကြောင့်မဟုတ်ဘူး အခုအလုပ်ကကျွန်တော်ချစ်လို့မြတ်နိုးလို့လုပ်နေတာ စိတ်မကောင်းပါဘူး ခင်ဗျားအတွက် bodyguard ကိုတခြားတစ်ယောက်ရှာလိုက်ပါ "

" မင်းကိုပဲယုံကြည့်လို့.."

ကိုယ့်အရှေ့မတည့်တည့်မှာလာရပ်ပြီး ကိုယ့်မျက်နှာကိုကြည့်ပြောနေသလို ထိုလူသားအသံလေးကြောင့် ငြင်းဖို့စကားလုံးရှာမရဖြစ်နေသည်။

" ထားလိုက်ပါတော့။ မလုပ်နိုင်ဘူးဆိုတော့လည်းဘယ်တတ်နိုင်ပါ့မလဲ ကိုယ့်အသက်ကိုနှစ်ကြိမ်တိတိ ကယ်ခဲ့တဲ့အတွက်ရော အခုတစ်ကြိမ်မှာ ကြိုသတိပေးတဲ့အတွက်ရော မင်းကိုကျေးဇူးတင်ပါတယ် ကောင်းသောညပါ ကိုယ်ဖုန်းချပြီနော်.."

သူဖုန်းမချခင်အထိ JeonJungKook ထံမှဘာစကားမှထပ်ထွက်မလာပါ။ ဖုန်းချလိုက်ပြီး ခပ်ဖူးဖူးနှုတ်ခမ်းတို့မှာ လျှိုဝှက်သောအပြုံးတို့ဖြစ်တည်လာသည်။
ကိုယ်တကယ်အန္တရာယ်ကြုံလာရင် မင်းရောက်လာပဲ နေမှာလား...

" တို့တွေတွဲဖို့ကိစ္စဘာမှအဖြေမလာသေးဘူးနော် "

" မဖြေဘူးဆိုကတည်းက တွဲမှာမဟုတ်လို့လေ။ မင်းကိုနောက်တစ်ကြိမ်လက်ခံဖို့ ကိုယ့်မှာစိတ်ကူးမရှိဘူး "

ʰᵉᵃʳᵗᵇᵉᵃᵗWhere stories live. Discover now