10

400 42 7
                                    

Zawgyi  //   Unicode










မနက်နှစ်နာရီထိုးနေပြီ။ ဒီတစ်ညလုံးလည်းအိပ်မပျော်နိုင်ပါ။ မျက်လုံးမှိတ်လိုက်တိုင်းလည်းထိုကောင်လေးမျက်နှာပဲမြင်နေသည်။ ပြီးတော့သူပေးခဲ့တဲ့အနမ်းတစ်ပွင့် ။ ကိုယ့်နှုတ်ခမ်းကိုလက်ချောင်းလေးတွေနဲ့ပြန်စမ်းကြည့်ရင်းရင်တွေတဒိတ်ဒိတ်ခုန်လာသည်။ ဒီအရူးလေးကတော့သူ့ကိုပြုစားသွားပြန်ပြီ...

မိုးလင်းတော့ထုံးစံအတိုင်းထိုကောင်လေးအစောကြီးရောက်လာသည်။ အရင်လိုသူရောက်ကြောင်းစာလှမ်းပို့တာ၊ဖုန်းလှမ်းဆက်တာမျိုးမဟုတ်ဘဲအခန်း‌ရှေ့ထိလာခေါ်သည်။

" အဟွန်း ရဲတင်းလိုက်တာ.. "

အခန်းဝကစကရင်မ်ပေါ်က ထိုကောင်လေးပုံရိပ်ကိုကြည့်ပြီးပြုံးမိသည်။

* အောက်မှာစောင့်နေအခုထွက်ခဲ့မယ် *

အခန်းထဲနဲ့အပြင်ကိုစာပို့လိုက်တော့လည်းခပ်တည်တည်နဲ့အောက်ပြန်ဆင်းသွားရှာသည်။ ဘယ်လိုကောင်လေးမှန်းမသိဘူး။

သူ့ ကိုမြင်တာနဲ့ကားနောက်ခန်းတံခါးဖွင့်ပေးသည်။ ခပ်တည်တည်ဝင်ထိုင်လိုက်ပြီး JungKook ကိုလှည့်မကြည့်မိအောင်နေလိုက်သည်။ မနေ့ကချစ်ရေးဆိုထားတော့ဒီမနက်ဒီကောင်လေးမျက်နှာကိုရင်မဆိုင်ရဲပါ။ ပြီးတော့ဒီနေ့မေးခွန်းကိုဖြေပေးပါလို့လည်းပြောထားသေးတာ။ အသက်ငယ်သလောက်စိတ်လည်းမရှည်တဲ့ကောင်လေး။ အခုဖွင့်ပြော အခုအဖြေတောင်းနဲ့ဒီလောက်လွယ်မယ်ထင်နေသလား လူကို။

" အဟမ်း "

ချောင်းဟန့်လိုက်သော်လည်းထိုလူသားလေးကနောက်ခန်းမှာလက်ကလေးပိုက်၍ထိုင်ပြီးတုတ်တုတ်တောင်မလှုပ်။ ဒီနေ့မှထူးထူးဆန်းဆန်းကားမှန်တွေပိတ်၍နေကာမျက်မှန်အမည်းကြီးတပ်ထားသေးသည်။ ကားစထွက်ကတည်းကသူ့မျက်နှာကိုလုံးဝမကြည့်သလိုဘာစကားမှလည်းမပြောပါ။

Kookie တစ်ယောက်သူ့ကိုကားမှန်ထဲကနေခဏခဏလှမ်းကြည့်နေတာသတိထားမိပေမယ့် မသိချင်ယောင်ဆောင်နေလိုက်သည်။

" ဘာမှမပြောရင်မောင်းချင်တဲ့နေရာမောင်းမှာနော် "

" မင်းကို schedule ပို့ပေးထားတယ်လေ "

ʰᵉᵃʳᵗᵇᵉᵃᵗWo Geschichten leben. Entdecke jetzt