ထယ်ယောင်းတစ်ယောက် ဂျောင်ကုရဲ့နှိပ်စက်မှုကြောင့်
အိပ်ရေးမဝစိတ်မကြည်စွာနဲ့
အိပ်ယာနိုးလာပြီးရေမိုးချိုးမနက်စာစားကာ
ကုမ္ပဏီသွားလိုက်သည်အထိဂျောင်ကုကအိပ်ယာထဲမှာ
လုံးလုံးလေးနဲ့အိပ်ပျော်နေတုန်း~"အင်း...ဘယ်နှစ်နာရီရှိပြီလဲ..အားးး!!~"
အိပ်ချင်မူးတူးနဲ့နာရီထကြည့်ရာ နာရီကကိုးနာရီထိုးနေပြီမို့
အလန့်တကြားထအော်ပြီး ရေချိုးခန်းထဲအမြန်ပြေးဝင်ရေချိုးရတဲ့ဂျောင်ကုပါလေ~"ဒီလူစိတ်မရှိတဲ့ကောင် သူများကိုအိပ်ယာမနိုးပေးဘူး
လူယုတ်မာ လူ့ဂွစာ ကျက်သရေတုံး
လုံးဝမကျေနပ်ဘူး...အာ့~"ခန္ဓာကိုယ်အနှံ့ဆပ်ပြာတိုက်နေရင်း
လုံးတစ်ပြည့်တင်းနေတဲ့မက်မွန်သီးကိုသွားထိမိတော့
စပ်ဖျင်းဖျင်းနဲ့နာတာမို့ ရေအမြန်ချိုးပြီး
အခန်းထဲကကိုယ်လုံးပေါ်မှန်မှာသွားကြည့်ချိန်မှာ
မက်မွန်သီးပေါ်ကလက်ငါးချောင်းရာကြီးကအထင်းသား~"အား!!~ဒီလူယုတ်မာ မကျေနပ်ဘူး
ဘာကိစ္စငါ့ကိုရိုက်သွားတာလဲ လုံးဝမကျေနပ်ဘူး!"ထယ်ယောင်းကိုစိတ်တိုနေဘေမဲ့
လောလောဆည်ကျောင်းနောက်ကျနေပြီမို့
ကျောင်းဝတ်စုံမြန်မြန်ဝတ်ကာ မနက်စာတောင်ကောင်းကောင်းမစားနိုင်ဘဲကျောင်းကိုအပြေးအလွှားသွားရပြီ~"ဘာဖြစ်လို့ကျောင်းနောက်ကျနေတာလဲဂျောင်ကု~"
"အိပ်ယာထနောက်ကျလို့ပါဆရာမ~"
"နိုးစက်ချထားပါလား အထက်တန်းရောက်နေပြီကို
နှမော်နှမဲ့နဲ့ သွားအတန်းနောက်မှာမတ်သပ်ရပ်နေ~"*အဲ့တာသူ့ကြောင့် သူ့ရဲ့ဘောပင်ကိုဖျက်ဆီးပစ်မယ်~*
ထယ်ယောင်းကိုစိတ်ထဲကနေကြိမ်းမောင်းနေတဲ့ဂျောင်ကုက
ပထမဆုံးအတန်းချိန်ကိုမတ်သပ်ရပ်နေရပြီး
နောက်အတန်းချိန်မှသာထိုင်ပြီးစာသင်ရလေရဲ့~"အား~ဘာလို့ချိုးလို့မရတာလဲ~"
ထယ်ယောင်းရဲ့ဘောပင်ကိုလက်နှစ်ဖက်နဲ့ချိုးနေဘေမဲ့
လုံးဝမကျိုးတဲ့အပြင်သူ့လက်ပါနာသွားတာကြောင့်
တစ်ခြားမာကြောတဲ့အရာတွေနဲ့ထုဘေမဲ့လဲ
ပွန်းပဲ့ရာတောင်မဖြစ်~
YOU ARE READING
First time{Complete}
Romanceအားတင်းပြီး ပထမဆုံးပြန်ရေးတဲ့Ficလေးပါ အရင်လိုအားပေးကြပါဦး🥺 အားတင်းပြီး ပထမဆုံးပြန်ရေးတဲ့Ficလေးပါ အရင်လိုအားပေးကြပါဉီး🥺