ဂျောင်ကုရဲ့အလွန့်အလွန်မွှေချက်ကြီးကြောင့်
အများကြီးဆုံးရှုံးသွားရတဲ့ပြန်ပေးသမားငါးယောက်ဟာ
ဂျောင်ကုအိပ်ပျော်သွားလို့ပျော်နေကြဘေမဲ့
အိပ်ရင်တစ်ခုခုကိုဆုပ်ကိုင်တတ်တဲ့အကျင့်ရှိလို့
တစ်ယောက်ကဆံပင်အဆွဲခံထားရပြီးလုံးဝမပျော်နိုင်~"ခေါင်းဆောင်အရမ်းနာနေပြီ~"
"မလှုပ်နဲ့ငြိမ်ငြိမ်နေ သူနိုးလာရင်ငါတို့ထပ်ပြီးအမွှေခံရမှာ~"
"ဒီလိုကလေးမျိုးကိုလက်ထပ်ထားတဲ့ထယ်ယောင်းက
အဆင်ရောပြေရဲ့လားမသိဘူး~""အခုချိန်ဒီကလေးကိုမထိန်းရလို့ပျော်များပျော်နေမလားဘဲ~"
"လုံးဝလာမရွေးတော့ရင်ဘယ်လိုလုပ်ကြမလဲဟင်~"
"လာတော့ရွေးမှာပါ ဖုန်းထဲကသူ့အသံကအရမ်းစိတ်ပူနေပုံပေါ်တယ်~"
"လွတ်ပြီ လွတ်လိုက်ပြီ~"
"ဟင့်...အဟင့်~"
"ဟေ့ကောင်မြန်မြန်~"
ဂျောင်ကုလက်ကလွတ်ပြီလို့ပျော်နေကာမှ
နိုးလာတော့မလိုဖြစ်နေတဲ့ဂျောင်ကုကြောင့်
သူတို့ခေါင်းဆောင်ကဂျောင်ကုလက်ထဲလွတ်သွားတဲ့ခေါင်းကိုပြန်ထည့်ပေးလိုက်လေပြီ~"အား..နာတယ် အသေဆုပ်ထားတာ
ဘာလို့ကျွန်တော့်ခေါင်းကြီးထည့်ပေးရတာလဲခေါင်းဆောင်~""sorryပါကွာ ငါလဲမသက်သာတဲ့အခြေနေမို့ပါ~"
ဒီလိုနဲ့ညနက်လာတော့ ပြန်ပေးသမားတွေအကုန်အိပ်နေချိန်
ခြင်ကိုက်လို့ဂျောင်ကုလှုပ်ရှားလာရင်တစ်ယောက်ကအမြန်ခြင်မောင်းပေးပြီး အေးလို့ငြီးငြူလာရင်တစ်ယောက်က
အမြန်အင်္ကျီချွတ်ခြုံပေးရတယ်။"အား..ဘာကြီးဘဲ အားးချီး~"
"သေတော့မှာဘဲကွာ~"
ပြန်ပေးသမားခေါင်းဆောင်ရဲ့အပေါ်မှာ
တက်ပြီးပက်လက်အိပ်နေတဲ့ဂျောင်ကုက
တစ်ခြားတစ်ယောက်ဆီကသေနတ်ပြောင်းကိုလဲကိုင်ထားသေး~"ဟေ့ကောင်တွေ ထစမ်း သေနတ်တွေကိုအဝေးမှာထား
အဟုတ်ရင်အကုန်သေကုန်လိမ့်မယ်~"
YOU ARE READING
First time{Complete}
Romanceအားတင်းပြီး ပထမဆုံးပြန်ရေးတဲ့Ficလေးပါ အရင်လိုအားပေးကြပါဦး🥺 အားတင်းပြီး ပထမဆုံးပြန်ရေးတဲ့Ficလေးပါ အရင်လိုအားပေးကြပါဉီး🥺