ညနေစာစားပြီးည7နာရီထိုးချိန်မှာတော့
ဂျောင်ကုတစ်ယောက်သူ့ရဲ့ကျောင်းလွယ်အိတ်ကိုယူကာ
ထယ်ယောင်းရဲ့စာကြည့်ခန်းထဲသွားရပြီ~"မင်းရဲ့လွယ်အိတ်ပေးခဲ့~"
"ဘာလုပ်မလို့လဲ~"
"ငါ့ကိုမေးခွန်းပြန်မထုတ်နဲ့ ပေးခဲ့ဆိုပေးခဲ့~"
အသံမာမာနဲ့ပြောလာတဲ့ထယ်ယောင်းကြောင့်
ဂျောင်ကုလဲသူ့လွယ်အိတ်ကိုပေးလိုက်ရာ
စစ်ဆေးရေးစတင်ပြီဖြစ်တဲ့ထယ်ယောင်းက
စာရွက်ကိုဖြဲပြီးသေနတ်လုပ်ထားတာတွေ
ရေးစာအုပ်မှာပုံတွေလျှောက်ဆွဲထားတာတွေတွေ့ပြီလေ~"မင်းအသက်ဘယ်လောက်လဲဂျောင်ကု~"
"16နှစ်ပါ~"
"16နှစ်ဆိုတဲ့မင်းကမူလတန်းကျောင်းသားလား~"
"အထက်တန်းကျောင်းသားပါ~"
"အဲ့တာဆိုဘာလို့စာရွက်တွေဖြဲပြီးအရုပ်လုပ်တာလဲ
ပြီးတော့ကျောင်းစာတွေရှိနေရမယ့်စာအုပ်ပေါ်မှာ
စာမရှိဘဲဘာလို့ပုံတွေလျှောက်ဆွဲထားတာလဲ ဟမ်
မင်းကိုယ်မင်းဘာထင်နေတာလဲ~""ဘာမှမထင်ပါဘူး~"
"ငါ့ကိုလာရွဲ့နေတာလား!"
"မ..မဟုတ်ပါဘူး..ဟင့်~"
"ဟူးး..စာအုပ်တွေအကုန်အသစ်လဲပေးလိုက်မယ်
မနက်ဖြန်ကစပြီးစာရွက်ဖြဲတာပုံဆွဲတာတွေမလိုချင်ဘူး
စာရွက်နဲ့အရုပ်လုပ်ဖို့ရောင်စုံစာရွက်ထည့်ပေးမယ်
ပုံဆွဲဖို့ပန်းချီစာအုပ်ထည့်ပေးမယ် ရေးစာအုပ်မှာတော့
သင်လိုက်တဲ့စာပါလာတာဘဲမြင်ချင်တယ်နော်~""ဟုတ်ကဲ့~"
"မင်းရဲ့ကျောင်းကိုငါဖုန်းဆက်မေးကြည့်မှာနော်
တစ်နေ့တာသင်လိုက်တဲ့စာတွေအကြောင်း
အကုန်မပါလာရင်မင်းအသေဘဲ~""hyungကလဲ~"
"hyungကလဲလုပ်မနေနဲ့
စာလုပ်တဲ့အချိန်စာလုပ်ဆော့တဲ့အချိန်ဆော့ စားတဲ့အချိန်စား
သူ့အချိန်နဲ့သူလုပ်~"ထယ်ယောင်းမှာလက်ထပ်ထားရတယ်ဆိုဘေမဲ့
လက်ထပ်ထားရတဲ့သူက ကလေးဖြစ်နေတာမို့
သူ့ကိုယ်သူအိမ်ထောင်ဦးစီးတစ်ယောက်ဆိုတာထက်
ကလေးထိန်းလို့တောင်ထင်မိသည်အထိ~
YOU ARE READING
First time{Complete}
Romanceအားတင်းပြီး ပထမဆုံးပြန်ရေးတဲ့Ficလေးပါ အရင်လိုအားပေးကြပါဦး🥺 အားတင်းပြီး ပထမဆုံးပြန်ရေးတဲ့Ficလေးပါ အရင်လိုအားပေးကြပါဉီး🥺