💜9💜

3.9K 350 378
                                    

ဂျောင်ကုတစ်ယောက်guideဆရာနဲ့စာစသင်ရတဲ့အခါမှာ
ဆရာဖြစ်တဲ့အူဝန်က အရည်အချင်းရောအတွေ့အကြုံရောရှိတာမို့ဂျောင်ကုကိုအလွယ်လေးကိုင်တွယ်လိုက်နိုင်တယ်လေ။

"ကဲ ရပြီ နားတော့~"

"hyung~~"

စာသင်လို့ပြီးတာနဲ့ အလုပ်လုပ်နေတဲ့သူ့ဆီကို
ရှုံ့မဲ့မဲ့နဲ့ရောက်လာတဲ့ဂျောင်ကုကိုထယ်ယောင်းက
သူ့ပေါင်ပေါ်ဘေးတစ်စောင်းထိုင်ခိုင်းပြီး
သူ့ရင်ခွင်ကိုမှီစေလိုက်တယ်။

"ပင်ပန်းသွားပြီလား အသားပေါင်းလေး~"

"အွန်း အရမ်းပင်ပန်းတယ်~"

"ခနလေးနော် ကိုယ်လဲအလုပ်ပြီးတော့မှာ~"

ထယ်ယောင်းကဂျောင်ကုကိုပွေ့ထားလျှက်
သူ့အလုပ်သူဆက်လုပ်နေပြီး
အူဝန်ကဂျောင်ကုရဲ့စာတွေကိုကြည့်နေတာ~

"ပြီးပါပြီ ဟမ် ဆရာအူဝန်ကအနားမယူသေးဘူးလား~"

"ယူတော့မှာ ဂျောင်ကုတို့ကျောင်းရဲ့စာသင်တဲ့ပုံစံကိုလေ့လာနေတာ~"

"အော်~"

"စိတ်မပူပါနဲ့ဒီအခန်းထဲမှာMr.kimတို့မရှိဘဲ
တစ်ယောက်တည်းမနေပါဘူးMr.kimတို့ထွက်တာနဲ့လိုက်ထွက်မှာပါ~"

"ကောင်းပါပြီ အခုကျွန်တော်တို့ထွက်နင့်မယ်~"

ထယ်ယောင်းကဂျောင်ကုကိုပွေ့ပြီး
စာကြည့်ခန်းထဲကထွက်တာနဲ့အူဝန်လဲထွက်လာတာမို့
စာကြည့်ခန်းထဲCCTVတွေတပ်ထားတဲ့ထယ်ယောင်းက
ဘာမှစိုးရိမ်မနေ~

*ထပ်ဝင်လဲCCTVတွေရှိတယ် ဘာမှမဖြစ်ဘူး~*

"hyung~~"

"အွန်း စာသင်ရတာဘယ်လိုလဲအသားပေါင်းလေး
ကိုယ်ကြားသလောက်တော့အဆင်ပြေပါတယ်~"

"ဆရာကလေ ကျွန်တော့်ခေါင်းထဲစာရောက်အောင်အတင်းထည့်တာ ခေါင်းနဲ့တိုက်ပြီးပြန်ထွက်သွားလဲ
ထွက်သွားတဲ့စာကိုဆရာကပြန်ဖမ်းပြီးအတင်းပြန်ရိုက်ထည့်တာ~"

"ဟဟ..အဲ့လိုမှပေါ့ ဆရာဆိုတာကျောင်းသားကို
စာမရရအောင်သင်ပေးရမှာဘဲ~"

ထယ်ယောင်းကစကားပြောရင်း အိပ်ယာပေါ်ပက်လက်လဲလိုက်တော့ သူ့ကိုအသင့်ခွလာတဲ့ဂျောင်ကုကြောင့်
ထယ်ယောင်းလဲဂျောင်ကုအင်္ကျီထဲလက်ဝင်ကာကျောလေးကိုသာပွတ်ပေးနေလိုက်တယ်။

First time{Complete}Where stories live. Discover now