Part-1

4.7K 265 1
                                    

နောင်တ

မြူ တွေအုံ့ဆိုင်းနေသောနေရာတစ်ခုတွင်

"ငါသေသွားပြီလား???"

ဝမ်ရိပေါ်ဟာမယုံကြည်နိုင်ခြင်းများစွာဖြင့်ငိုကြွေးမိလိုက်တယ် သစ္စာဖောက်တွေ သစ္စာဖောက်တွေကြောင့်
သူဒီလိုဖြစ်ရတာမချစ်သင့်တဲ့သူကိုချစ်မိလို့
မယုံကြည်သင့်တဲ့သူကိုယုံကြည်မိလို့ သူဘဝကမရှုမလှအဆုံးသတ်ရတာ
ဝမ်ရိပေါ်ဟာ WangGPရဲ့ဥက္ကဋ္ဌကြီး ဝမ်ရိုဟန်နဲ့ ဥက္ကဋ္ဌကတော် ရှောင်းချူးလန်တို့ရဲ့ အိမ်ထောက်သက်၂၀ကျော်မှာရရှိလာခဲ့တဲ့တစ်ဦးတည်း​သောက​လေး​လေးဖြစ်သလို
ကျန်းမာရေးချူချာတဲ့သားဦးလေးဖြစ်တာမို့လို့ ဥက္ကဋ္ဌကြီးတို့လင်မယားတင်မက တစ်အိမ်လုံးကဖူးဖူးမှုတ်ထားတဲ့အချစ်ခံသခင်လေးတစ်ပါး အဖြစ်ကြီးပြင်းလာရတယ် သူလိုချင်သမျှအရာအားလုံးမရခဲ့တာမရှိပါဘူး
ဥက္ကဋ္ဌကြီးတို့ကလက်ညိုးညွှန်ရာ
ရေဖြစ်စေခဲ့တယ်အရာရာအားလုံးကိုသူရခဲ့တယ် တစ်စုံတစ်ယောက်ကလွှဲလို့ပေါ့ ဝမ်ရိပေါ်အထက်တန်းကတည်းကလူတစ်ယောက်ကိုချစ်ခဲ့တယ် သူ့နာမည်ကပိုင်ရိဟန်...ပိုင်မိသားစုရဲ့သားတစ်ယောက်ပေါ့
လူအများစုကတော့သူ့ကိုပိုင်ဟန်လို့ပဲခေါ်ကြတယ်
ပိုင်ဟန်ဟာအရမ်းကိုတည်ကြည်ပြီးလူတွေကိုဂရုစိုက်ကူညီတက်တယ်
အထူးသဖြင့်သူ့ဂျူ နီယာလေးတြွေဖစ်တဲ့
ဝမ်ရိပေါ်နဲ့ချင်မော့ရန်ကိုပေါ့
ပိုင်ဟန်ကဝမ်ရိပေါ်ရဲ့ခံစားချက်ကိုအထက်တန်းကျောင်းကတည်းက သိခဲ့ပေမဲ့ တက္ကသိုလ်တက်တဲ့အချိန်ထိအောင်မသိချင်ယောင်ဆောင်နေခဲ့တယ်

တစ်နေ့မှာတော့ဝမ်ရိပေါ်ဟာအရာရာအားလုံးကိုစွန့်လွှတ်ပြီး သူချစ်ရတဲ့ပိုင်ဟန်ဆီကိုပြေးလာခဲ့တယ် ဒီရွေးချယ်မူ့ဟာ သူ့ကိုသေမင်းဆီအရောက်ပို့ပေးနိုင်တယ်ဆိုတာသိပေမဲ့လည်း သူရွေးချယ်ခဲ့တယ် မချစ်မနှစ်သက်တဲ့ဒုဗိုလ်ချု ပ်ရှောင်းကိုလက်ထပ်ပြီး ရွှေဘုံမှာစံနေရမဲ့အစား သူချစ်တဲ့စီနီယာပိုင်ဟန်ရဲ့လက်ကိုတွဲပြီး လောကဓံကိုရင်ဆိုင်ဖို့သာရွေးချယ်ခဲ့တယ် ဒါပေမဲ့သူရွေးချယ်မူ့တွေကမှားယွင်းခဲ့ကြောင်း ကုတင်ပေါ်မှာဝတ်လစ်စလစ်နဲ့လဲလျောင်းနေတဲ့
သူ့ချစ်ရသူပိုင်ဟန် နဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ချင်မော့ရန် က သက်သေပြခဲ့တယ်

General Xiao Is Ruining MeWhere stories live. Discover now