Part-2(U)

3.6K 224 3
                                    


T T T T ဘေးနားမှာတတီတီမြည်နေတဲ့နိူးစက်သံကိုဝမ်ရိပေါ်ကြားနေရတာကြောင့်လှမ်းပိတ်လိုက်တယ်

နေဦး...နိူးစက်...နိူးစက်လား...ငါအခုသေ သွားပြီမဟုတ်လား
ဘယ်လိုလုပ်နုိူးစက်ကိုပိတ်လို့ရသွားတာလဲ

ဝမ်ရိပေါ်ဟာစိတ်လှုပ်ရှားမူ့များစွာဖြင့်ထထိုင်လိုက်တယ်
သူမှာကားတိုက်မူ့​ကြောင့်ရတဲ့ဒဏ်ရာလဲမရှိသလို လုံးဝလဲနာကျင်မနေပေ

စားပွဲပေါ်က သူ့ဖုန်းကိုယူလိုက်တော့ 16.6.2022တဲ့
ဒါက...ဘယ်လိုအခြေအနေကြီးလဲ သူက ဘာလို့သူမသေခင်၁လအလိုကိုပြန်ရောက်နေတာလဲ

မဟုတ်မှလွှဲရောသူ့အမှား​တွေကိုပြင်ဆင်လိုတဲ့စိတ်ဆန္ဒ​တွေ​ကြောင့်သူ့အတိတ်ကိုပြန်​ရောက်လာတာလား ဝတ္ထုတွေထဲကလိုလေ
ဝမ်ရိပေါ်ဟာမယုံနိုင်လွန်းလို့သူ့ကိုယ်သူပြန်ဆွဲဆိတ်ကြည့်လိုက်​သောအခါ
နာကျင်မူလဲရှိခဲ့သလို....သူ့ညာဘက်လက်မှာအနဲငယ်လဲနီရဲနေတာကိုပါထူးခြားစွာ​တွေ့လိုက်ရတယ်
ဝမ်ရိပေါ်ဟာပျော်ရွှင်မူ့ကြောင့်ဘာမှမပြောနိုင်ခဲ့ဘူး

ထိုအချိန်

*ကျွီ....*

ဟုသောမြည်သံအတူသူ့အခန်းတံခါးဟာပွင့်သွားခဲ့သည်
ဝမ်ရိပေါ်ရဲ့အမေရှောင်ချူးလန်သည်ပူပူနွေးနွေးစွပ်ပြုတ်ပန်းကန်လေးကိုကိုင်ကာအခန်းထဲသို့ပြုံး၍ဝင်လာခဲ့သည်

"သြော်....မားမားကလေးလေးကနိုးနေပြီပဲ"

"မား..."

ဝမ်ရိပေါ်သည်ကုတင်ပေါ်မှဆင်းကာသူ၏အမေကိုတင်းကျပ်စွာပွေ့ဖက်ထားလိုက်သည်

"အော်....ဘယ်လိုဖြစ်နေတာလဲသားလေးရယ်အပူတွေလောင်ကုန်မှဖြင့်...."

ဝမ်မားသည်စွပ်ပြုတ်ပန်းကန်လေးကိုစားပွဲပေါ်မှာအသာချ၍သူ့ကိုဖက်ထားတဲ့သားလေးရဲ့ဆံပင်တွေကိုဖွကာနေတယ်

"ဘာလိုချင်လို့များဒီလောက်ချွဲနေတာလဲသားလေးရယ်"

ဝမ်ရိပေါ်ဟာ​ခေါင်းကိုခါရင်းသူ့အ​မေကိုပိုတိုးလို့ဖက်တယ်
ရှောင်ချူးလန်သည်သူမပုခုံးပေါ်မှာစိုစိုစွတ်စွတ်ဖြစ်သွားသည်ကိုသတိထားမိလိုက်သည်

General Xiao Is Ruining MeWhere stories live. Discover now