Part 17

3.1K 236 15
                                    

Uni

"ရှောင်း"

ဝမ်ရိပေါ်သည် ရှောင်းကျန့်ရဲ့ စစ်ယူနီဖောင်းက ကြယ်သီးတွေကို
တပ်ပေးနေရင်း တိုးတိုးလေးခေါ်လာ၏

"ဘာလို့လဲဝမ်"

"ဘာမှမဟုတ်ပါဘူး ကျွန်တော့်စိတ်ထဲ နည်းနည်းတစ်မျိုးဖြစ်နေလို့"

"ဒါဆို ကိုယ်လွှတ်တော်ကိုမသွားတော့ဘူးလေ"

"မဟုတ်တာ ဘာလို့​ရှောင်းက ညီလာခံကိုမသွားရမှာလဲ
ညီလာခံဆိုတာ နိုင်ငံတော်ရဲ့အရေးကြီးတဲ့ ပင်မထောက်တိုင်ကြီးလေ"

ရုတ်တရက်ရှောင်ကျန့်ရဲ့လက်တွေဟာ ကြယ်သီးတပ်ပေးနေတဲ့
ဝမ်ရိပေါ်ရဲ့ခါးကို ဖက်တွယ်လိုက်ကာ ကောင်လေးနားကိုတိုးကပ်လိုက်၏

"ကိုယ်က နိုင်ငံတော်ရဲ့ ပင်မထောက်တိုင်ကြီး မဖြစ်ချင်ဘူး ဝမ်ရဲ့ ပင်မထောက်တိုင်ကြီးပဲ ဖြစ်ချင်တာ"

"ရှောင်းနော်"

​ရှောင်းကျန့်ကပြုံးစစနဲ့ ဝမ်ရိ​ပေါ်ရဲ့ပါး​ဖောင်း​ဖောင်း​လေးနှစ်ဖက်ကို အိဝင်သွား​အောင်နမ်းလိုက်၏

"​ဝမ့်ပါး​လေး​တွေက နူးညံ့မွေး​နေတာပဲကွာ"

ပြုံးရီနေတဲ့ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့ ရုတ်တရက်
တိုက်ခိုက်ခြင်းကိုခံလိုက်ရသောကြောင်​ကျောက်ရုပ်သဖွယ် အသွင်ပြောင်းသွား၏ ဝမ်က သူ့နှုတ်ခမ်းကို ချိုချဉ်တစ်ခုလိုပြုမူနေတယ်

အချိန်အတော်အတန်ကြာမှာ ဝမ်ရိပေါ်ကရှောင်ကျန့်ကို
လွတ်​ပေးကာ မေးခွန်းတစ်ခုကိုမေး၏

"ပါး နဲ့ နှုတ်ခမ်း ဘယ်ဟာက ပိုနူးညံ့လဲ ရှောင်း"

"မေးခွန်းသတ်ပြီ ဝမ်ရာ ဒီလိုလုပ်ပါလား ကိုယ်တစ်ခါပြန်နမ်းကြည့်မယ်လေ"

"လူလည်ကြီး"

ကြယ်သီးတပ်ပြီးသွားတော့ ဝမ်ရိ​ပေါ်ဟာ ရှောင်ကျန့်ရဲ့စစ်ဝတ်စုံ အသာခါလိုက်၏ သူ့အမျိုးသားက စစ်ဝတ်စုံနဲ့ တကယ်ပင်
ကြည့်ကောင်းသည်

"ပြီးသွားပြီ ညီလာခံကိုသွားပြီ မြန်မြန်ပြန်လာခဲ့နော် ယောက်ျား"

General Xiao Is Ruining MeWhere stories live. Discover now