Part-14

3.1K 224 5
                                    

နိုင်ငံတော်အဆင့်တရားရုံးတွင်
ပိုင်ရိဟန် ကို ဒုဗိုလ်ချုပ်ရှောင်းရဲ့ အမျိုးသားကို
ခိုးယူဖို့ကြံတယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်
သူရဲ့အပေါင်းအပါတွေကိုတော့ ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့တယ်

ပုံမှန်ဆိုရင်ဒီလို လင်/မယား ခိုးမူ့က
ခိုးမူ့မကြူးလွန်ခင်မှာမိတယ်ဆိုရင် ၁ နှစ်လောက်ပဲကျမှာဆိုပေမဲ့
သူတို့ခိုးဖို့ကြံစည်ခဲ့တဲသူက အနာဂတ်စစ်ဦးစီးမှူးချုပ်အလောင်းအလျာ ဒုဗိုလ်ချုပ်ရှောင်းရှောင်ကျန့် ရဲ့ အသည်းအသက်လေးဆိုတော့
တရားသူကြီးတွေခေါင်းကိုက်ခဲ့ရတယ်
သက်သေတွေစုံနေတဲ့အပြင် ပိုဆိုးတာကာ သမ္မတရှေ့မှာတင်
ဒုဗိုလ်ချုပ် အမျိုးသားကို ခိုးယူဖို့ကြိုးစားခဲ့တာပဲ

တရားခံတွေကိုလာပို့တဲ့သူကဗိုလ်ချုပ်ရှောင်းရဲ့တပ်သားတွေနဲ့
သမ္မတရှီးရန်ရှန့်ရဲ့ ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်နေမှာတော့
သူတို့လဲတရားခံတွေကိုတင်းတင်းကြပ်ကြပ်အပြစ်ပေးရုံမှတစ်ပါးရွေးစရာမရှိတော့

ပိုင်ရိဟန်အမူ့ပြီးတော့နောက် ၃ ရက်မှာပဲ
ချင်အိမ်တော်ရဲ့ခွေးသွေးဇာတ်လမ်းကို ထပ်ပြီးစီရင်ချက်ချရပြန်တယ်

ချင်အိမ်တော်ရဲ့ဆက်ခံသူချင်မော့ချန် နဲ့ တရားမဝင်သား ချင်မော့ရန် ဟာအဖေတူ မအေကွဲညီအကိုအချင်းချင်း
အိပ်ယာပေါ်ထိရောက်အောင် ခွေးဇာတ်ခင်းကြတယ်

ဒီအမှူ့ဟာနိုင်ငံတော်အထူးရဲ့တားမြစ်ထားတဲ့
အမူ့ဖြစ်တဲ့အတွက်အပြင်နောင်တွင်ဒီလိုခွေးဇာတ်ခင်းတဲ့
အမှု့မျိုးမကျူးလွန်စေရန်အတွက် နိုင်ငံပိုင်မီဒီယာတွေကလဲ
ဒီအမှု့ကို TV တွေ Ph တွေကနေတဆင့် စီရင်ချက်ချခြင်းကို
Live လွင့်နေသည်

ချင်မော့ရန်ဟာအဲ့ခွေးဇာတ်လမ်းအပြင်
အိမ်ထောင်သည်ကိုသွေးဆောင်ဖြားယောင်းမှု့
လင်မယားကိုသွေးခွဲမူ့လူသတ်ရန်ကြံစည်မူ့တွေနဲ့လဲစွဲချက်တင်ခံထားရသည်
သူသတ်ဖို့ခဲ့ကြံစည်ခဲ့တဲ့သူက ဗိုလ်ချုပ်ရှောင်းနဲ့ သူ့အသည်းအသက်ကလေးတဲ့လား
တကယ်ပဲချင်မော့ရန်ကကျားမြီးကိုသွားစွဲနေတာလား
ဘယ်လိုတောင်အကြောက်အလန့်မရှိတာလဲ

General Xiao Is Ruining MeWhere stories live. Discover now