Part-3 (U)

3.8K 232 1
                                    


Blind Date

၁၁နာရီထိုးလုနီးပါးရှိနေပြီ သူလာပါဦးမလား

ဝမ်ရိပေါ်ရဲ့မျက်လုံး​တွေဟာလတ်ပတ်နာရီဆီက​နေပြီး​တော့
​ကော်ဖီဆိုင်ဝင်ပေါက်ကိုရောက်လာသည်

တကယ်တော့သူဟာ ဒီနေ့မှာ ဗိုလ်ချုပ်​ရှောင်းနဲ့ Date ဖို့
မိဘတွေကတဆင့်ချိန်းထားတာဖြစ်သည်

ပထမတော့သူအတန်းချိန်းပြီးတာနဲ့ ကော်ဖီလေးဘာလေးသောက်ဖို့ချိန်းထားတာဖြစ်ပေမဲ့
အခုတော့သူ့အတန်းပြီးသွားတစ်နာရီခွဲတောင်ရှိနေရှိနေပြီ
သူကိုးနာရီခွဲလောက်ကတည်းကဗိုလ်ချုပ်ရှောင်းကိုစောင့်နေတာဖြစ်သည်အခုဆိုရင်​နေလည်စာ​တောင်စားချိန်​ရောက်​နေပြီ

ကျွီ.....

ဆိုင်ထဲသို့စစ်ယူနီဖောင်းနဲ့အမျိုးသားတစ်ယောက်ဝင်လာသည်
သူကရိပေါ်ရှိတဲ့နေရာကိုသူရဲ့ခြေထောက်ရှည်ကြီးတွေနဲ့
အလျင်အမြန်ကိုလျောက်လာတာ
ဝမ်ရိပေါ်ဟာ ဖုန်းကြည့်ငုံကြည့်နေရင်းသူ့နားကိုလာရပ်တဲ့ ရှုးဖိနပ်အမဲရောင်တစ်ရံကိုမြင်လိုက်ရတယ်
ဝမ်ရိပေါ်မော့ကြည့်လိုက်တော့အရပ်၆ပေကျော်လောက်မြင့်တဲ့
စစ်သားတစ်ယောက်ဖြစ်နေတယ် သူ့ပုခုံးပေါ်နဲ့ရင်ဘတ်ပေါ်ရွှေရောင်ဆုတံဆိပ်တွေဟာ
အလွန်များလွန်းတာမို့လို့သူရဲ့ရာထူးကိုတိကျအောင်ခန့်မှန်းဖို့မလွယ်ပေ
ထိုစစ်သားရဲ့စစ်ဝတ်စုံဟာသူ့ခန္ဓာကိုယ်နဲ့
တိကျစွာတိုင်၍ချုပ်ထားတာဖြစ်လောက်တယ် အရမ်းကိုပုံစံကျလှပြီးတွေးကြည့်လိုက်ရုံနဲ့တင်
ထိုစစ်သားရဲ့ကြွက်သားတွေဟာ​ဘယ်လောက်ယောက်ျားဆန်ပြီးတာင့်တင်းနေမလဲဆိုသိနိုင်သည်

"Sorry.....ကိုအစည်းအဝေးကြောင့်နောက်ကျသွားတယ်"

Sorry...နောက်ကျ....WTF!...ဒီ​ဘဲကြီးကဒုဗိုလ်ချုပ်ရှောင်းလား

ဝမ်ရိပေါ်ဟာသူ့​ရှေ့ကဒုဗိုလ်ချုပ်​ရှောင်းကိုကြည့်ရင်းအရင်တုန်းက
ပိုင်ရိဟန် ကိုသာအချောဆုံးအခန့်ဆုံးယောက်ျားအဆန်ဆုံးလို့
ထင်ခဲ့တဲ့သူ့ကိုယ်သူသာဆွဲထိုးလိုက်ချင်တော့သည်
ဘာအချောဆုံးအခန့်ဆုံးလဲ....ပိုင်ရိဟန်က..ဗိုလ်ချုပ်ရှောင်းယှဉ်လိုက်ရင်....သမုဒ္ဒရာကြီးက​ရေစက်​လေးလိုပဲ​လေ....ဗိုလ်ချုပ်ရှောင်းကမှသမုဒ္ဒရာကြီး

General Xiao Is Ruining MeWhere stories live. Discover now