Part 6

3.6K 236 8
                                    

Uni

"တောင်းပန်ပါတယ် ဗိုလ်ချုပ်"

ရှောင်ကျန့်ဟာယွီပင်းနဲ့ယွီချန်ကိုတစ်ချက်ကြည့်လိုက်ပြီး​နောက်
သူရင်ခွင်ထဲ​ကောင်​လေးဆီအကြည့်ပြန်​ရောက်သွားတယ်

ဗိုလ်ချုပ်ရှောင်းဟာကောင်လေးရဲ့ကျောလေးကိုခပ်ဖွဖွလေးပွတ်သပ်ရင်းနှစ်သိမ့်ရှာတယ်

"ဘာမှမဖြစ်ဘူးရိပေါ်...ဒီအတိုင်းလေးချိုင့်ပြုတ်ကျသွားရုံပဲ...ဘာမှမဖြစ်ဘူးနော်....အရမ်းလန့်သွားလား...."

ရိပေါ်ကရှောင်းကျန့်ရင်ဘတ်မှာခေါင်းမှီထားရာကနေထလာပြီခါယမ်းပြတယ်သူအဆင်​ပြေတယ်​ပေါ့
ဒါပေမဲ့ရှောင်ကျန့်ကတော့အဆင်မ​ပြေ​ပေ
ကောင်လေးမျက်နှာကနီ​ရဲနေတော့နည်းနည်းစိတ်ပူမိတယ်

"ယွီချန်..."

"ဟုတ်ဗိုလ်ချုပ်"

"ဆရာဝန်သွားခေါ်လိုက်"

"ဟင့်အင်းမခေါ်နဲ့....ကျွန်တော်နည်းနည်းလန့်သွားရုံပါ...ခဏနားလိုက်ရင်သက်သာသွားမှာပါ"

"ကောင်းပြီ"

ရှောင်ကျန့်ဝမ်ရိ​ပေါ်ကို​ပွေ့ချီပြီးမ​နေ့ကလိုသူ​ပေါင်​ပေါ်တင်ထားလိုက်တယ်
ကောင်လေးရဲ့ခေါင်း​​လေးမနာ​အာင်ဆိုဖာလက်ရန်းပေါ်မှာ
တင်ထားတဲ့သူ့ဘယ်ဘက်လက်ပေါ်မှာ​နေရာချ​ပေးထားလိုက်တယ်
နောက်ထပ်သူ့ညာဘက်လက်ကတော့ အခြားဆိုဖာလက်ရန်းပေါ်က ကောင်လေးခြေထောက်တွေကိုထိန်းကိုင်ထားရင်း

"ဘာလုပ်နေတာလဲလာထိုင်လေ"

"ဟုတ်ဗိုလ်ချုပ်"

ဝမ်ရိပေါ်ကစစ်သားနှစ်​ယောက်ကိုမြင်လိုက်ရတာ​ကြောင့်​ရောင်ကျန့်ရင်ဘတ်နားတိုးကပ်သွား
သူခုနကဗိုလ်ချုပ်ရှောင်းနဲ့ အရမ်းကိုနီးကပ်နေခဲ့တာ
တကယ်လို့သူထင်တာမမှားရင် ဗိုလ်ချုပ်ရှောင်းက
သူ့ကိုနမ်းဖို့လုပ်ခဲ့တယ် ဒါတင်မက
ထိုစစ်သားနှစ်ယောက်ကလဲ သူတို့နှစ်ယောက်ရဲ့
ထိုအခြေအနေကိုမြင်သွားခဲ့သည်
ဝမ်ရိပေါ်ရှက်လွန်းလို့ရှောင်ကျန့်ရင်ခွင်ထဲကိုပိုတိုးဝင်သွားတယ်
ရှောင်ကျန့်အဖြစ်ကအခုမှပဲသားပေါက်လေးကို
ရင်ခွင်ထဲကိုထည့်ပြီးနို့ချိုတိုက်ကျွေးနေတဲ့
မိခင်တစ်ဦးသဖွယ်လုံးလုံးရောက်ရှိသွားတယ်

General Xiao Is Ruining MeWhere stories live. Discover now