Part-5

3.6K 252 5
                                    

သိပ်ကိုဖြူစင်လွန်းတဲ့အခါ သိပ်ကိုစိုးရိမ်းရပါတယ်

"အင်း...."

ဝမ်ရိပေါ်ဟာငြီးငြူလိုက်ပြီးအိပ်ယာကနေထလိုက်တယ်
နေပါဦးဒီအခန်းက...ဒီအခန်းကဒုဗိုလ်ချုပ်ရှောင်းရဲ့အခန်းမလား
ဒါဆိုသူညကငါ့ကိုပြန်မပို့ဘူးလား.....
သိ'ကျွန်တော်ခင်ဗျားနဲ့မြန်မြန်လက်ထပ်ချင်တယ်'
'ကောင်းပြီဖြစ်စေရမယ်'

မနေ့ကပြောခဲ့တဲ့စကားတွေကိုပြန်တွေးလိုက်ရင်း
ရိပေါ်ခေါင်းဟာပူထူသွားတယ် မဟုတ်လောက်ပါဘူး ဗိုလ်ချုပ်ရှောင်းကအဲ့နည်းလမ်းကိုသုံးခဲ့မှာမဟုတ်လောက်ပါဘူး

ရိပေါ်ဟာကွန်ဒိုအ​ပေါ်ထပ်ကနေပြီးအောက်ဆင်းလာမိတယ်
ဧည့်ခန်းထဲမှာတော့ ရှောင်ကျန့်ကသူ့ဦးလေးရှောင်ယန်နဲ့ဇနီးရှေ့မှာ
ဒူးထောက်လျက်ရှိနေတယ် နှုတ်ခမ်းထောင့်မှာလဲသွေးစအနည်းငယ်ရှိနေတယ်
သေချာပေါက်ကတော့ရှောင်ကျန့်အထိုးခံထားရတယ်

"ငါမင်းအဒေါ်ကိုဘယ်လိုမျက်နှာပြရမှာလဲ First Date မှာသူ့သားကိုအိမ်ပြန်မပို့ဘူး မင်းအသက်၂၆နှစ်ပြည့်​တော့မယ်
ဘယ်လောက်ပဲသဘောတူထားတူထား လက်မထပ်ရသေးခင် တူတူမနေသင့်ဘူးဆိုတာ မင်းသိသင့်တယ်
ဒါကဘယ်လိုရှက်စရာကောင်းတဲ့သတင်းလဲ"

"တော်သေးတာပေါ့ မင်းအခန်းထဲမှာရှိ​နေတဲ့ကောင်လေးကရိပေါ်
ဖြစ်နေလို့ တကယ်လို့သာအခြားသူသာဖြစ်ကြည့် အမေတို့
တစ်ရှက်က​နေ နှစ်ရှက်ဖြစ်တော့မယ်"

"သားတောင်းပန်ပါတယ် သားစိတ်အလိုလိုက်မိသွားတယ်"

"ဟင့်အင်းမ​တောင်းပန်ပါနဲ့ အကိုရှောင်းမမှားမဟုတ်ပါဘူး
အားလုံးကသားအပြစ်တွေပါ"

အပေါ်ထပ်အခန်းထဲမှာအိပ်နေတဲ့ရိပေါ်လေးက
ရုတ်တရက်ကြီးသားရှောင်းဘေးမှာဒူးလာထောက်တော့
ရှောင်းယန်တို့လင်မယားမှာခဏတာမှင်သပ်သွားတယ်
သူတို့ကဘယ်လိုလုပ်ရိပေါ်လေးကိုဒူးထောက်ခိုင်းရက်ပါမလဲ

"ဘယ်လိုလုပ်သားအပြစ်ဖြစ်ရမှာလဲသားဝမ်ရယ်
သေချာပေါက်သားရှောင်ရဲ့အပြစ်ပဲပေါ့ သူကသားထက်၆နှစ်ကြီးတယ်​လေ သူမှာစဉ်းစားဉာဏ်သာရှိရင်သားလေးကို သားကိုအိမ်ပြန်ပို့ခဲ့မှာ"

General Xiao Is Ruining MeWhere stories live. Discover now