Part-15

2.9K 233 4
                                    

"ဝမ္ဘာစားမလဲ"

"ကျွန်တော်ဘာဂါစားမယ်...ရှောင်း"

"ကောင်းပြီခဏလေး​စောင့်နော်ကိုယ်သွားလုပ်ပေးမယ်"

မီးဖိုထဲမှာရှောင်ကျန့်သည်ဘာဂါထဲထည့်မည့်အစာပလာတွေကိုပြင်ဆင်​နေသည်
ဝမ်ရိပေါ်သည်သူ့အမျိုးသားရဲ့ကြီးမားကျယ်ပြန်တဲ့ နောက်ကျောပုံရိပ်ကိုကြည့်ရင်းပြုံးနေမိသည်
သူ့​​ရှေ့မှာရပ်​နေတဲ့ ဒီအမျိုးသားက
ဒုဗိုလ်ချုပ်ရှောင်း​ရှောင်ကျန့်ဆိုတာ ဘယ်သူမှယုံမည်မဟုတ်ပေ
နိုင်ငံတော်ကိုကာကွယ်တဲ့လက်တစ်စုံဟာ အခုတော့
သူစာချင်တဲ့အစားအစာတွေကိုပြုလုပ်ပေးနေတဲ့
လက်တစ်စုံဖြစ်နေခဲ့ပြီ ကြည်နူးစိတ်ဖြင့် ဝမ်ရိပေါ်သည်
သခွားသီးလှီးနေတဲ့ သူ့အမျိုးသားဗိုလ်ချုပ်ရှောင်းရဲ့
ခါးကိုအနောက်ဘက်နေသိုင်းဖက်လိုက်သည်

ရှောင်ကျန့်သည်သခွားသီးလှီးခြင်းကိုရပ်လိုက်ကာ
သူ့ခါးကိုသိုင်းဖက်ထားတဲ့လက်သေးသေးလေးနှစ်ဖက်ကို
သူလက်ဖဝါးကြီးတွေနဲပြန်၍အုပ်မိုးကိုင်ထားမိတယ်

"ဘာဖြစ်လို့လဲ....ဝမ်"

"ဒီအတိုင်းပဲဖက်ထားချင်လို့"

ကောင်လေးရဲ့ခေါင်းလေးကသူ့ကျောပေါ်မှီလာတဲ့အခါ
ရှောင်ကျန့် ပြုံးလိုက်မိ၏ လက်ထပ်ပြီးမှတွဲကြည့်တာဆို​တော့လဲ
သူတို့ကြင်စဦးဘဝကကြည်နူးပျော်စရာလေးပင်
ဟိုနှစ်ယောက်ကိုထောင်ထဲထည့်ပြီးမှဝမ်ဟာသူကိုသိသိသာသာ
တွယ်ကပ်လာတာကိုသူသတိထားမိသည်
ဘယ်လောက်တောင်ဆိုးလဲဆိုရင် ဝမ်ကသူမလာရင် ညဘက်တွေတောင်မအိပ်ဘူး တစ်ရက် က သူ့တပ်ကစစ်သားတစ်​ယောက်ရဲ့မင်္ဂလာ​ဆောင်​ကြောင့် ည၂နာရီထိုးမှပြန်လာခဲ့တယ်
ကောင်လေးအိပ်ပြီလို့ထင်ပေမဲ့ ကောင်​လေးကမအိပ်​သေး​ချေ
နောက်တော့လဲ​ကောင်​လေးအိပ်​ရေးဝ​အောင်အိပ်ဖို့အ​ရေး
သူမှာအစောကြီးအိမ်ကိုပြန်လာရတယ်

နောက်ဆုံးမှာရှောင်ကျန့်ရဲ့ဘာဂါလုပ်ခြင်းကပြီးဆုံးသွားပြီ
ဒါပေမဲ့ ကောင်လေးကတော့​မျော့လေးလို သူနောက်ကျောမှာတွယ်ကပ်​နေတုန်း

"ဝမ်ရပြီစားရအောင်"

ထိုအခါမှကောင်လေးကသူ့ကိုလွတ်ပေးပြီးထမင်းစားပွဲဆီသို့ရောက်သွားတယ်
ရှောင်ကျန့်ကအခုမှလုပ်ထားတဲ့ပူပူနွေးနွေးဘာဂါလေးကို
ကောင်လေးရှေ့ချပေးလိုက်တယ်

General Xiao Is Ruining MeWhere stories live. Discover now