Uniရှောင်ကျန့် သူ့မျက်လုံးတွေအားယူပြီး ဖွင့်လိုက်သည်
"သားလေးသတိရပြီလား နာနေသေးလား"
အမေဖြစ်သူ လန်ရီကမေးလာတော့ရှောင်ကျန့်က ခေါင်းငြိမ့်ကအဆင်ပြေကြောင်းပြလိုက်၏
တိတ်ဆိတ်နေတဲ့ အခန်းကြောင့် ရှောင်ကျန့်မျက်မှောင်တွေ တွန့်ချိုးသွာ၏ သူ့အမျိုသားရော....
"အမေ...ရိပေါ်ရော"
"သားဝမ်က ဟိုဘက်အခန်းမှာ ဆေးချိတ်ထားရတယ်"
ဗိုလ်ချုပ်ရှောင်ကျန့်သည် စိုးရိမ်စိတ်ကြောင့် ပူထူသွား၏
သူသည် လက်ထဲကဆေးပုလင်းအပ်ကို အမြန်ဖြုတ်ကာ ဘေးခန်းသို့ ပြေးထွက်သွား၏ သူ့အမျိုးသားလေး အဆင်ပြေမှဖြစ်မယ်*ကျွီ*
ဝမ်ရိပေါ်ရှိတဲ့ ဆေးရုံအခန်းတံခါးသည် ဆွဲဖွင့်ခံလိုက်ရ၏
ကုတင်ပေါ်မှာမှီထိုင်နေတဲ့ကောင်လေးဟာ သူ့ကိုမြင်တော့ ချက်ချင်းမျက်ရည်တွေဝေ့သီလာသည်"ရှောင်း"
တိုးငြင်းစွာဖြင့် ခေါ်လာသံလေးကြောင့်
ဒုဗိုလ်ချုပ်ရှောင်ကျန့်သည် သူ့အမျိုးသားလေးရှိရာသို့ သူ့ခြေလှမ်းအကျယ်ကြီးတွေဖြင့် ခပ်မြန်မြန်သွားပြီး သူ့အသက်လေးကိုထွေးပွေ့ထားလိုက်မိ၏"အဟင့်...ရှောင်း"
ငိုကြွေးနေသောကောင်လေးကြောင့် ရှောင်ကျန့်ရဲ့ပုခုံးဟာ မျက်ရည်တွေနဲ့စိုရွှဲကုန်၏
"ဘာလို့ဒီလောက်ငိုနေရတာလဲအသက်ရယ် ကိုယ်ဘာမှမဖြစ်ဘူးလေကွာ"
ဝမ်ရိပေါ်သည် ထိုစကားကြောင့်မျက်ရည်တွေပိုမိုကျလာပြီး
သူ့အမျိုးသား ဒုဗိုလ်ချုပ်ရှောင်းကို ပို၍ တိုးဖက်လာသည်ဪ ပြောလေကဲလေ မန်းလေပြဲလေပါလား အသက်ရယ်
"တော်ပြီလေကွာ မငိုနဲ့တော့ မျက်လုံးတွေနာလိမ့်မယ်လေ ကလေးရဲ့"
ဗိုလ်ချုပ် ရှောင်ကျန့်သည် သူအမျိုးသားလေး ရဲ့နဖူးကို နှုးညံ့စွာနမ်းလိုက်၏
"မငိုနဲ့တိတ်တော့"
"အဟင့် ရှောင်းကမကောင်းဘူး လူကိုလန့်အောင်လုပ်တယ် ဒီကဘယ်လောက် စိုးရိမ်သွားရလဲ သိရဲ့လား? သိရဲ့လားအရှုးကြီးရဲ့"