Uni
"ဘယ်မှာလဲ"
"ဟိုမှာပါဗိုလ်ချုပ်"
အခန်းထောင်မှာထိုင်နေတဲ့ ကောင်လေးနှစ်ယောက်ကိုတွေ့တော့
ရှောင်ကျန့်ရဲ့ ဒေါသသည် တဖန်ထိုးထွက်လာ၏ရှောင်ကျန့်သည်သူ့စစ်ယူနီဖောင်းကလက်ကြယ်သီများကိုဖြုတ်လျှက် ထိုကောင်လေး၂ယောက်ထံသို့ အမြန်လျှောက်သွားလိုက်ကာ
သူခြေထောက်ရှည်များဖြင့် ထိုကောင်လေးနှစ်ယောက်ကို ကန်လိုက်၏"အ!...."
နှစ်ယောက်ထဲကတစ်ယောက်ထံမှာနာကျင်စွာအော်ဟစ်သံထွက်လာသောခါ ရှောင်းကျန့်သည် မျက်မှောင်ကြုတ်ရင်း ထိုတစ်ယောက်၏ ကော်လံကိုဆွဲမလိုက်၏
"နာတယ်!ခြေထောက်လေးနဲ့ကန်လိုက်တာကိုဒီလောက်နာနေတယ်ဆိုရင် ငါ့အမျိုးသားနေရာကိုဝင်ကြည့်စမ်းပါ
သေနတ် နဲ့ သေနတ် အပစ်ခံခဲ့ရတာကွ"ရှောင်ကျန့်သည်ထိုကောင်လေးကို ၃ ချက်လောက်ဆင့်ထိုးပြီးမေးခွန်းတစ်ခုကိုမေးလိုက်သည်
"ပြော....မင်းတို့ကိုဘယ်သူခိုင်းတာလဲ"
ရှောင်ကျန့်သည် စစ်သားအချို့နဲ့သူ့အမျိုးသားလေးကို
လုပ်ကြံသူများစစ်မေးလျှက်ရှိသည်လုပ်ကြံသူများ၏ မျက်နှာသည် ဗိုလ်ချုပ်ရှောင်ကျန့်ငယ်သားများ
ရိုက်ချက်ကြောင့် လူရုပ်တောင်မထွက်တော့ချေဘယ်လောက်စစ်မေးမေး ပြန်ဖြေလာခြင်းမရှိတာမို့လို့
ဒုဗိုလ်ချုပ်ရှောင်းကျန့်သည် နောက်ဆုံးနည်းလမ်းကိုထုတ်သုံးခဲ့ရသည် သူစစ်သားဘဝမှာ
ဘယ်သူ့ကိုမှထိပါးခြိမ်းခြောက်ခဲ့ခြင်းမရှိခဲ့ သို့သော်လဲ ထိုသူတွေက သူ့အသည်းအသက်လေးကို လာပြီးထိပါးခြိမ်းခြောက်လာမှတော့ သူကလဲမှန်တစ်ချပ်လိုတုံ့ပြန်ရမယ်"ကောင်းပြီ မင်းတို့ဆက်ပြီးပါးစပ်ပိတ်နေမယ်ဆိုရင် မင်းတို့တူမလေး အသက်ကိုအာမမခံဘူးနော် "
ထိုအခါလုပ်ကြံသူများသည် ထိုင်ခုံပေါ်မှာထိုင်နေတဲ့ ဒုဗိုလ်ချုပ်ရှောင်းကျန့်ကို ဒူးထောက်တောင်းပန်လာသည်
သူတို့တူမလေးက သူတို့အားနည်းချက်ပေ သူတို့ဒီအလုပ်လုပ်ခြင်းရဲ့ အဓိကအကြောင်းပြချက်မှာလဲ တူမလေးရဲ့ ကျောင်းစရိတ်အတွက်ဖြစ်သည်