Part-16

3K 214 2
                                    

Zaw

ရှောင်ကျန့်သည် ဝမ်ရိပေါ်ရဲ့လက်တစ်စုံကို ကိုင်၍
ဝမ်ရိပေါ်ရဲ့တက္ကသိုလ်ထဲကထွက်လာခဲ့သည်
ဒီနေ့ကောင်လေးမွေးနေမို့လို့ကောင်လေးကျောင်းနားမည်ဖြစ်ကြောင်း
သူကိုယ်တိုင်ခွင့်လာတိုင်ပြီး ကောင်လေးကို လာခေါ်တာဖြစ်သည်
ကောင်လေးရဲ့လက်တစ်စုံကိုတွဲပြီးကျောင်းထဲကနေထွက်လာရတဲ့
ပျော်ရွှင်မူ့ဟာဘာနဲ့မှမလဲနိုင်ပေ

"သားတို့ရောက်လာပြီလားလာကြလေ"

ရှောင်ကျန့်အမေလန်ရီကတံခါးဖွင့်ပေးကာအထဲသို့ဝင်စေသည်
ဧည့်ခန်းမှာတော့ဝမ်ပါးနဲ့ရှောင်းပါးကတော့စကားကောင်းနေကြသည်

"ပါး"

မိဘကိုမြင်တာနဲ့ကောင်လေးဟာအချွဲလုံးလေးဖြစ်သွားပြီ
သူအဖေကိုသွားဖက်တော့သည် ဝမ်ရိုဟန်ကသူ့သားငယ်လေးကို
တင်းကျပ်စွာထွေးပွေ့ထားခဲ့သည် သားလေးနဲ့ခွဲရတာ ၁လမပြည့်သေးပေမဲ့လဲ သူအရမ်းလွမ်းနေခဲ့တာ

"ကြည့်ပါဦး...အဖေ့သားလေးကမတွေ့တာရက်ပိုင်းပဲရှိသေးဝလာလိုက်တာကွာ....သားရှောင်းကအရမ်းအလိုလိုက်ထားတာပဲဖြစ်ရမယ်.."

ရှောင်ကျန့်ကပြုံးနေလျက်ဘာမှမပြောပေ

"သားဝမ်လေး သားကသားအဖေကိုပဲမြင်တာလား ဦးဦးကိုရောမမြင်ဘူးလား"

ဝမ်ရိပေါ်သည် သူ့အဖေကိုဖက်ထားရာကနေ သူ့ဦးလေးယောက္ခမကိုပြောင်းဖက်သည်

"မဟုတ်ပါဘူး ဦးငယ်လေးကို မြင်တာပေါ့ ဒါပေမဲ့ဦးငယ်လေးက
အရမ်းချောခန့်နေပြီးကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေတော့
ဦးငယ်လေးနားကပ်ရင် သားရဲ့ချောမောမူ့တွေပျောက်သွားမှာဆိုးလို့ပါ"

"အတက်ကလေး အပြောကတော့ချိုနေတာပဲ"

ရှောင်ယန်သည် သူတူလေးရဲ့ဝမ်ရိပေါ်ရဲ့
နှာခေါင်းလုံးလုံးကိုလက်ကလေးထိရင်းမေးလာသည်

"ပြောပါဦး သားရှောင်းက သားကိုစိတ်ညစ်အောင်လုပ်သေးလား"

"မလုပ်ပါဘူး ရှောင်းက ကျွန်တော့်ကိုအရမ်းကောင်းတာ မျက်နှာတစ်ချက်အညိုးမခံဘူး"

General Xiao Is Ruining MeWhere stories live. Discover now