Part 2

14.4K 402 53
                                    

U

လေးငါးစီး အတန်းလိုက် တွဲရပ်ထားသည့် အနက်ရောင်ကားများထဲမှ တစီးသို့ စက် တယောက် တက်သွားမှ မျက်နှာခြင်းဆိုင်ရှိသူ့ကားစီလာလိုက်သည်။

သူ့တိုက်ခန်းပြန်ရောက်တော့ သူ့တွင် အားအင်ကုန်ခမ်းနေပြီဖြစ်သည်။ စိတ်ကော လူကောပါ ပင်ပန်းနွမ်းနှယ်နေသောကြောင့် နောက်နေ့တွင် သူအနားယူဖို့ဆုံးဖြတ်လိုက်သည်။ သူ့အခန်းထဲသို့ဝင်လာသည်နှင့် မီးဖိုချောင်ဘက်မှ လှုပ်ရှားသံကြားလိုက်ရပြီး ဖန်ခွက်တလုံးနှင်အတူ လူတယောက်ထွက်ပေါ်လာသည်။

" ရော့ သောက်လိုက် ရေစပ်ပြီး ပြန်လာခေါ်မယ် ရေချိုးပြီးမှအိပ်"

"Ray? မင်ဘယ်လိုလုပ်ရောက်နေတာလဲ"

သူ့အမေးအား Rayတယောက်ပြန်မဖြေဘဲ ရေချိုးခန်းထဲဝင်သွားကာ ခနအကြာ ပြန်ရောက်လာပြီး သူ့အဝတ်အား ကူချွတ်ပေးလာသည်။ ထိုသူ၏ ဤအပြုအမှုမှာ ဆွေးအတွက် အထူးအဆန်းမဟုတ်ချေ။ ၁နှစ်ကျော်ကြာသည်ထိ အတူတူရှိခဲ့သည့် အိပ်ယာဖော်တွေအနေဖြင့် ထိုသည်ကို အသားကျနေပြီဖြစ်သည်။ ရေချိုးသန့်စင်ပေးသည်ကို ငြိမ်ခံရင်း အိပ်ယာပေါ်အသာတင်ပေးသည်ထိ လူသေတကောင်ကဲ့သိုပင်။ ခေါင်းအုံးနှင့် ထိသည်တပြိုင်နက် ဆွေးတယောက် ဟန်ပင်မဆောင်နိုင်လောက်အောင် အိပ်မောကျသွားရသည်။

.....

မွန်းတည့်နေက စူးရှတောက်ပနေသည်။မနက်စာလွတ်သည်အထိ အိပ်နေသည့် အပြင် နေ့လည်စာစားချိန်ရောက်တော့မည့်တိုင် မထသေးသော ဆွေးဘေးနားသွားကာ လှုပ်နိုးလိုက်သည်။

" ဆွေး ထတော့လေ"

" ဘယ်အချိန်ရှိပြီလဲ" အိပ်တဝက်နိုးတဝက်အမူအရာဖြင့် ဆွေးဟာ အမြဲကြမ်းတမ်း‌ခက်ထန်အမူအရာပျောက်ဆုံးကာ ချစ်ဖို့ကောင်းလှသည်။ Rayအသံမှာ မသိမသာ ချိုသာသွားပြီး

" ၁၁နာရီကျော်နေပြီ ခနနေနေ့လည်စာအဆင်သင့်ဖြစ်တော့မယ် ထပြီးဆေးကြောတော့လေ"

"ဟုပ်ပြီ " ပြောပြောဆိုဆိုဖြင့် ယိုင်တိယိုင်တိုင် ရေချိုးခန်းထဲဝင်သွားသည့်သူဟာ ချစ်ဖို့ကောင်းသည့် ဝက်ဝံကြီး တူလှပေသည်။

My Possessively Mafia Boss Where stories live. Discover now