Part 16

2.7K 83 6
                                    

Unicode
မနေ့ညက တော်တော်ကြာမှ ဆိုင်ကယ်စီးရလို့ ကောင်းကောင်းအိပ်ပျော်သွားခဲ့သည်။ ဒီမနက်နိုးလာသည့်အချိန်၌ နေတောင်အနည်းငယ်မြင့်နေသည်။ ကိုယ်လက်သန့်စင်ကာ ခန်းနားသည့်ကြောင်လိမ်လှေကားမှတဆင့် ဆင်းလာခဲ့သည်။

အောက်ထပ်ရှိ ဆိုဖာပေါ်တွင် စက် တယောက် ဖဲသားညအိပ်ဝတ်ရုံအား ကြိုးမချည်ဘဲ ဝတ်ထားကာ ကပိုကယိုထိုင်နေသည်။ စက်ဆိုသည်မှာ ထိုသို့ ကပိုကယိုအခြေအခြေ၌ပင် အရှိန်အဝါပြင်းလှသည်။ ထိုပုံစံက သာမာန်အချိန်များကဲ့သို့ တင်းကျပ်သည့် ခံစားမှုမပေးဘဲ မြေခွေးဝိညာဉ်ပြုစားနေသလို ထင်ယောင်ထင်မှားဖြစ်စေရသည်။ သူ၏ ကျယ်ပြန့်သည့် ရင်အုံနှင့် ဝမ်းဗိုက်ကြွက်သား၈ခုကြောင့် ကျားဟော်မုန်းများမှာ သာမာန်ထက်ပိုပြင်းပြနေသည်။ ထိုကြောင့် ဆွေးတယောက် မနက်စာအတွက် ထမင်းစားခန်းစီမဦးတည်မီ ထိုသူထံသွားကာ သွားရန်ဦးတည်ရသည်။ ဘေးနားရောက်သည်နှင့် ‌မော့ကြည့်လာသည့်သူအား မေးမှ ဆတ်ကနဲဆွဲကာ ပြင်းပြင်းပြင်းပြပြနမ်းလိုက်သည်။ ထိုအနမ်းမှာ မိနစ်အနည်းငယ်သာကြာခဲ့သည်။

"မနက်ခင်းကြီးကို ဘယ်သူများဆွဲဆောင်ဖို့ကြံနေတာလဲ"

ဆွေး ဆိုဖာပေါ် လက်ထောက်ရင်း ထိုင်နေသူ၏ ကျားသစ်နက်တကောင်လို မျက်စံများအားကြည့်ရင်း ဆိုမိသည်။

"ဟက် ဘာလိုပဲနေနေ ဆွဲဆောင်ခံချင်နေတဲ့သူတွေကတော့ ဆွဲဆောင်ခံနေရအုံးမှာပဲလေ"

ထိုသူစကားကြောင့် သူသဘောတကျရီ‌မိသည်။ အနီးရောက်မှ ဆိုဖာနှင့်ကွယ်နေသည့် မနေ့ညကမြင်ခဲ့သောAzawakh ခွေးတကောင်ကို စက် ပွတ်သပ်ပေးနေသည်ကို တွေ့လိုက်ရသည်။ သူမျက်ခုံးတဖက်ပင့်မိကာ စက်အားကြည့်လိုက်သည်။

"မင်းပြောတော့ ရည်ရွယ်ချက်တခုခုမရိှရင်မင်းရဲ့ခရီးစဉ်တိုင်းကာ လျှို့ဝှက်ချက်ဆို"

"အင်း"

ဆွေး ဆက်မပြောဘဲ ဘေးနားမှ စက်ပွတ်သပ်မှုကို မျက်လုံးစင်းကာ သဘောခွေနေသည့်အရာအားအကြည့်ပို့လိုက်သည်။ ထိုသည်အား မြင်လေတော့ စက်တယောက် မျက်မှောင်ကျံ့ကာ

My Possessively Mafia Boss Where stories live. Discover now