Part 33

1.3K 36 14
                                    

Unicode

အချိန်အတော်ကြာ အသားမစားခဲ့ရသောသားရဲတကောင် လှောင်ချိုင့်မှ လွတ်ထွက်လာသော သားရဲပမာ အထိန်းအကွပ်မရှိ အတွင်းရောအပြင်ပါ စားသုံးပြီးချိန်၌ မိုးစင်စင် လင်းလုပြီဖြစ်၏။ ပထမဆုံးအကြိမ်၌ပင် ထိုသို့ ကြမ်းတမ်းစွာ ဆက်ဆံခံလိုက်ရရှာသော ‌ဆွေးခမျာ မေ့မျောလျက်သား အခြေအနေတွင်ရှိနေလေသည်။

တကိုယ်လုံး နီရဲနေသည့် အမှတ်အသားများစွာနှင့် ဆွေးအား စက်အတော်ကြာ ငေးကြည့်နေမိသည်။ ခနမျှအချိန် ဖြုန်းပြီးမှသာ ဖုန်းတချက်ဆက်ကာ သူ့လူထဲမှ တယောက်အား စစ်ဆေးရန်လာရန်ပြောလိုက်သည်။ မကြာမှီပင် လူတယောက်ရောက်လာကာ ဆွေးအား။စစ်ဆေးပေးလာသည်။

စက် ဘေးမှနေကာ အစာဝ၍ အချိုတည်းရန် ‌ဆေးလိပ်ဖွာလျှက် စောင့်ကြည့်နေခဲ့သည်။ တဖက်သူက သူ့အိပ်ယာဖော်လေးအား ဟိုဟိုဒီဒီထိတွေ့နေသည်အားကြည့်ရင်း အကြောင်းပြချက်မသိ သူမျက်မှောင်ကျုတ်ထားမိသည်။

"သခင်လေး သခင်လေးကိုယ်တိုင်လုပ်မလား? ဒါမှမဟုတ် ကျွန်တော်ပဲ ကူညီလိုက်ရမလား?"

တဖက်သူက ဆေးပုလင်းတခုကမ်းကာ ပြောလာသည်။ သူကထိုပုလင်းမှာ ဘာမှန်းမသိသူမဟုတ်ချေ။ ‌တဖက်မှ ဆေးစစ်ပေစလာသည့် suit အပြည့်နှင့်သူမှာ စက်၏ ရုတ်ချည်းပြင်းထန်လာသော ဖိအားပေးလာသည့်အရှိန်အဝါနှင့် အကြည့်ကြောင့် ခေါင်းအစခြေအဆုံး အေးခဲလာသလိုခံစားရသည်။ ဆယ်ကျော်သက်အရွယ် လူငယ်လေးတဦးဟာ ထိုထွားထွားကြိုင်းကြိုင်းလူကြီးတယောက်အား လက်တချက်ပင်မလုပ်ဘဲ ဖိအားပေးနိုင်သည်မှာ အတော်ပင်အံ့‌ဩစရာကောင်းလှပေသည်။ထိုဖိနိုပ်ထားသောအခြေအနေမှာ မည်မျှကြာသွားသည်မသိ နောက်ဆုံး၌ စက်ထံမှ လက်မြှောက်ကာ ထွက်သွားရန်အချက်ပြမှုကြောင့် တဖက်သူမှ စိတ်စက်သာရာရသွားရသည်။ အလိုက်တသိ သောက်ရန်ဆေးနှင့်အတူ ပုလင်းအားချန်ထားပေးကာ ထွက်သွားလိုက်သည်။

အတန်ကြာမှ ဆေးလိပ်မီးသပ်ပြီး ထကာ ထိုကောင်လေးအား ဆေးလိမ်းပေးရန် လုပ်ရတော့သည်။ ထိုနေရာလေးမှာ သူ၏ကြီးမားလှသော လက်နတ်ကြောင့် အတော်လေးပျက်ဆီးနေကာ တချို့သွေးစများပါ ပေကျံနေသည်။ အေးမြမြ ဆေးနှင့် ထိတွေ့သည့်အခါ ပွင့်လိုက်ပိတ်လိုက်ဖြင့် မသိစိတ်အရ လှုပ်ရှားသွားသည်ကိုကြည့်ရင်း စက်တယောက် အံတင်းတင်းမကြိတ်ထားဘဲ မနေ‌နိုင်တော့။

My Possessively Mafia Boss Where stories live. Discover now