Part 32

1.5K 46 9
                                    

Unicode
" ဆိုတော့ မင်းကဘာလို့အဲ့လောက်ဂရုစိုက်တတ်သွားတာလဲ? မင်းမဟုတ်တဲ့အတိုင်းပဲ
ဟေ့ကောင် မင်းငါ့ကို မင်းအိပ်ယာပေါ်တတ်ချင်တဲ့သူတွေပေါလွန်းတာကိုကြွားနေတာလား?"

မှန်ပြတင်းမှနေ အဝေမှတောတောင်များအား မျှော်ကြည့်ရင်း စက် အနီရောင်ဝိုင်ခွက်ကိုမော့ရင်း ခပ်လှမ်းလှမ်းစပွဲထက်ရှိ ဖုန်းတဖက်မှအသံအားနားထောင်နေသည်။ ထိုသူနှင့် သူ့နှင့် ညီအကိုလို ရင်းနှီးသော အကိုတယောက်ဖြစ်ကာ စက်အတွက် တိုင်ပင်ဖော်တိုင်ပင်ဖက်တယောက်လိုဖြစ်သည်။

"သူကနည်းနည်း ကွဲပြားတယ်
အဲ့ဒါကြောင့် ငါလျစ်လျှူရှုလို့မရဘူး"

"အိုး.. နောက်ဆုံးတော့ မင်းအာရုံကိုဆွဲဆောင်နိုင်တဲ့သူတယောက်ရှိလာပြီပေါ့... ပြီးတော့ အဲ့ဒါကလည်းကောင်လေးတယောက်?"

"အဲ့လိုမဟုတ်ဘူး"

စက်ထိုစကားကို လက်မခံနိုင်သလို မျက်မှောင်အသာကျုတ်နေဆဲ။

"အိုး...."

တဖက်သူ၏ ထိုအသံမှာ "ငါလုံးဝမင်းစကားကို အယုံအကြည်မရှိဘူး"ဟု သရော်နေသယောင်ယောင်။

"ဆိုစမ်းပါအုံး ဒီသခင်လေးကို ဆွဲဆောင်နိုင်တဲ့ကောင်လေးက ဘယ်လိုတွေတောင် ထူးခြားနေလို့လဲ?"

"တွေ့တွေ့ခြင်း ငါ့ခုတင်ပေါ်တက်ဖို့ ကြိုစားတယ်လေ"

"အဲ့ဒါကထူးခြားလို့လား? ဒီတိုင်း slutတယောက်ပဲမဟုတ်ဘူးလား?"

" မဟုတ်ဘူး၊ မှုတ်ပေးတာတောင် အချိုးမပြေတာကို ဘယ်ကလာ"

"အာ.."

"နောက်ပြီး သူ့အကြည့်က မတူဘူး"

"ဘယ်လိုမျိုးလဲ?"

"ပြောရမှာ နည်းနည်းရှုပ်တယ် ငါကိုစွဲလမ်းနေသလိုမျိုး"

သူ့အပေါ် လူတွေရဲ့အကြည့်တွေက ရိုးရှင်းကြသည်။ သူ့ဆွေမျိုးသားချင်းများက သူ့ကို အမွေ့ဆက်ခံနိုင်သည့် ကျားစေ့လေးပမာကြည့်ပြီး သူ့ဖခင်ဘက်မှ ကျန်သည့်သူများက အဖို့မတန်သလိုကြည့်ကြသည်။
ဒါပေမယ့် ထိုလူငယ်လေး၏အကြည့်များမှာ တမူထူးခြားလှသည်။ ထိုကောင်လေးအကြည့်ထဲတွင် သူဟာ ထိုကောင်လေး၏ ကိုးကွယ်ရာဖြစ်သွားသည့်နှယ်။ ထိုအကြည့်များကြောင့် စက် သူ့ကိုသူကြီးမြတ်သည့်နှယ် ခံစားရကာ သူ၏လွမ်းမိုးချယ်လှယ်ချင်သည့် စိတ်ဆန္ဒကို ပြည့်ဝသွားသလိုခံစားရသည်။ သို့သော် သူက အမြဲသံသရများသည့်သူဖြစ်ကာ ဟိုဟိုဒီဒီ သံသရဝင်မိနေဆဲ။

My Possessively Mafia Boss Where stories live. Discover now