Part 13

5.8K 150 14
                                    

U

Djသံခပ်မြူးမြူး၊ရောင်စုံမီးရောင်များနှင့် ပျားပန်းခတ်နေသည့် ကလပ်တခု၏ သီးသန့် စားပွဲဝိုင်းတခုတွင် လူလေးယောက် ရှိနေသည်။ မိန်းကလေးတယောက်နှင့် ယောင်္ကျားလေး၃ယောက်ရှိပြပြီး သေချာကြည့်လျှင် မိန်းကလေးတယောက်မှာ ယောင်္ကျားလေးတယောက်နှယ်သန်မာပုံရနေသည်။

"မင်းဟို ဘက်မလှည့်ရင် မင်းတို့ bossမျက်နှာလဲထောက်မှာမဟုတ်ဘူးနော်"

အေးစက်စက်လေသံနှင့် Settက Lam အားသေနတ်နှင့် ချိန်ထားရင်း ဆိုလာသောကြောင့် ဆွေးထံမှ သူ့အကြည့်ကို ခွာလိုက်သည်။

"စိတ်လျှော့စမ်းပါ settရာ "

ဟားနား ကပခုံးပုတ်ကာ ဆိုလိုက်မှ သေနတ်ကိုပြန်ချကာ ဆွေးကား ကောက်ပွေ့လိုက်သည်။ ဆွေး ထိုသူအပေါ်ခွကာ အပေါ်စီးမှ ငုံကြည့်ရင်း ငုံနမ်းလာသည်။

မီးမှောင်မှောင်အောက် Djသံခပ်မြူးမြူးနဲ့အတူ အနမ်းများဟာ စည်းချက်ကျလျှက်

Sett နားအနောက်ဖက်မှ အနီရောင်အလင်းတန်းလေးဟာ ဘယ်သူမှသတိမထားမိလိုက်အောင် ဖျော့တော့တော့လင်းလာ၍ Sett ပြင်းပြသည့် အနမ်းများကို ရပ်ကာ

"တည်နေရာသိပြီ သွားကြစို့"

ဟုဆိုလာသည်။

....

ကလပ်အပြင်ဘက်တွင် ကား၅စီးရပ်ထားပြီး ကားတစီးချင်းဆီတိုင်းတွင် ထိပ်တန်းရဲအရာရှိများ နေရာယူထားသည်။ ထိုရဲအဖွဲခေါင်းဆောင်မှာ နားကျပ်မှတဆင့် ကလပ်ထဲမှာ ရုပ်ဖျက်ထားသည့် ရဲမေလေးနှင့် ဆက်သွယ်နေသည်။

"အခြေအနေထူးလား"

(လောလောဆယ်တော့ ဘာမှမထူးသေးပါဘူးခေါင်းဆောင် ကျွန်မတချက်စစ်ပြီးတော့ ဒုတိယထပ်အခန်းတိုင်းက ပုံမှန်အနေအထားအတိုင်းပါပဲ )

"ဟုပ်ပြီ ဂရုစိုက်"

သူမဆီမှ အဆက်အသွယ်ပျက်ကျသွားသည်နှင့် ကလပ်ထဲမှာ ရုပ်ဖျက်ကာလှွတ်ထားသည့် တခြားတဖက်မှ ပြောသံပေါ်လာသည်။

(မကောင်းတော့ဘူး ဒုတိယထပ် အခန်း၁၀၂ သူတို့သတင်းရသွားပုံပဲ)

My Possessively Mafia Boss Tahanan ng mga kuwento. Tumuklas ngayon