Part 23

1.8K 64 15
                                    

Unicode

နောက်ဆုံး၌ အချိန်ကြာမြင့်စွာ သုတ်ထိန်းထားနိုင်သူ စက်ပရောဂဖြင့် ဆွေးတယောက်အဝတ်လဲရန်ငြင်းဆိုမှုမှာအောင်မြင်ခဲ့သည်။ မဟုတ်လျှင်ပင် နာရီဝက်မျှနောက်ကျနေပြီ ဖြစ်ရာ အဝတ်အစားလဲရန် အချိန်ထပ်မကုန်နိုင်တော့ပေ။ ထိုကြောင့် အင်တင်တင်ဖြင့် ဆွေးအားခေါ်ကာထွက်ခဲ့တော့သည်။ ချိန်ထားသည့်နေရာမှာ မြို့လည်ရှိ မိုးမျှော်ဟော်တယ်တခုဖြစ်သည်။

လမ်းတလျှောက် ဆွေးမှာ ပျားနှင့်ပုတုန်းများကိုဆွဲနေသည့် ပန်းလေးတပွင့်နှယ်ဖြစ်နေကာ အကယ်၍ သဘာဝ အင်းဆက်ကာကွယ်ရေးဆေးကပ်ခွာကြီး စက်သာမရှိလျှင် အလုအယှက် သူသူငါငါအပြေးလေးဝိုင်းအုံးလာကြပေလိမ့်မည်။

ချိန်းဆိုထားသည့် သီးသန့်ခန်းသို့မရောက်မချင်း စက်က ထွေထွေထူးထူးမျက်နှာအမူအရာမရှိသည့်တိုင် ဆွေး၏ခါးသွယ်သွယ်အား တင်းကျပ်စွာဆုတ်ကိုင်ထားပြီး သူ့အပိုင်အားကျေငြာနေသည့်နှယ်။ သီးသန့်ခန်းတံခါးဖွင့်လိုက်သည်နှင့် မျက်ခုံးနှစ်ခု တခုတည်းဖြစ်သည်ထိ မျက်မှောင်ကျုပ်ထားသည့် သက်လက်ပိုင်းလူတယောက်အားတွေ့လိုက်ရသည်။

" ဝမ်းကွဲအကို.! "

လည်ပင်းထဲ ဖိနပ်ညှပ်နေသည့်နှယ် တမင်လုပ်ယူထားသည့် တရုတ်လေသံ ခပ်အီအီနှင့်အတူ မိန်းကလေးတယောက်ထွက်ပေါ်လာပြီး စက်ထဲပစ်ဝင်ကာ လက်မောင်း၌ ခိုဝင်လာသည်မှာ အလွန်မျက်စိပါးမွှေး စူးသောကြောင့် ဆွေးတယောက် မျက်မှောင်မကျုပ်မိဘဲမနေနိုင်ချေ။

" နာရီဝက်လောက် ဦးလေးကို စောင့်ခိုင်းထားတာက အဖေမင်းကိုသင်ပေးလိုက်တဲ့ လူကြီးတွေအပေါ်ထားရမယ့် လေးစားမှုဆိုတာလား?"

"အရေးတကြီး ကိစ္စလေးရှိနေလို့"

ခပ်ပျက်ပျက်စကားနှင့်အတူ သူ့အား မျော့တကောင်နှယ်တွယ်ကပ်နေသည့် မိန်းကလေးအား ပုလိပ်ရောဂါတခုလို ရှောင်ရှားရင် ‌ဆွေးအားတချက်ကြည့်ကာ သူနှင့်အတူဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်။ အခန်းထဲရှိ စောင့်နေသောလူနှစ်ယောက်လုံးမှာ  တယောက်မှ ကောင်းကျိုးပေးသည့်ဟာများမဟုတ်။ ဦးလေးဖြစ်သူမှာ စက်ကြောင့် ဤသို့ကောင်းကောင်းမွန်မွန်နေရသည့်တိုင် စက်၏ပိုင်ဆိုင်မှုများကြောင့် စက်က သူ့အပေါ်အကြွေးတင်နေသည့်နှယ်ဆက်ဆံတတ်သည်။ နောက်တယောက်ကတော့ ထိုသူ၏သမီးဖြစ်ကာ ဆီးဆင်းနေသည့်သွေးအပေါ်မှ အားမနာ စက်အားအပေါ် ရုပ်ညံ့သည့်အကြံများရှိသည်။

My Possessively Mafia Boss Where stories live. Discover now